ချယ်လ်ဆီးအသင်းဟာအင်္ဂလန်ပရီးမီးယားလိဒ်ပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့အဆင့်၃နေရာမှာရပ်တည်နေနိုင်ခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာရလဒ်တွေဆိုးရွားနေပေမယ့်ရာသီကုန်မှာတော့ချန်ပီယံလိဒ်ဝင်ခွင့်တစ်နေရာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာဒီနှစ်ဘောလုံးရာသီမှာရလဒ်တွေဆိုးရွားနေပေမယ့်ယူရိုပါလိဒ်ပြိုင်ပွဲမှာတော့ဗိုလ်လုပွဲအထိတက်လှမ်းထားခဲ့ပြီးဖလားလက်မဲ့ရာသီကိုအံတုဖို့အခွင့်ကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာယူရိုပါလိဒ်ပြိုင်ပွဲမှာတော့လန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းကလည်းပရီးမီးယားလိဒ်မှာရလဒ်မကောင်းပေမယ့်ယူရိုပါလိဒ်ပြိုင်ပွဲမှာတော့ရလဒ်ကောင်းတွေပိုင်ဆိုင်ထားတာကြောင့်ချယ်လ်ဆီးအသင်းအတွက်တော့ခက်ခက်ခဲခဲနဲ့ဖလားတစ်လုံးရဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်မိုဗစ်ကတော့ဒီယူရိုပါလိဒ်ဖလားကိုသိမ်းပိုက်ပြီးပါကနည်းပြဆာရီကိုအသင်းကနေထုတ်ပယ်ဖို့ရှိနေတာပါ။မိုဗစ်ကတော့အသင်းရဲ့ရလဒ်ကြောင့်ထုတ်ပယ်တာမဟုတ်ပဲဆာရီနဲ့ကစားသမားပရိသတ်တွေမပြေလည်မှုကြောင့်ထုတ်ပယ်ဖို့စဉ်းစားနေတာပါ။အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့လမ်းပတ်ကိုနည်းပြအဖြစ်ခန့်အပ်ဖို့သတင်းတွေထွက်နေတာကြောင့်နောက်နှစ်ချယ်လ်ဆီးနည်းပြနေရာမှာလမ်းပတ်ကိုတွေ့နိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။