မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ MNA လေယာဉ်စက်ချို့ယွင်းမှာတော့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်က လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည် (၈၂) ဦးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်ပေါ်မှာတော့ နေမင်း၊ စည်သူမောင်၊ ခင်လေးနွယ်၊ ယုသန္တာတင်နဲ့ အခြားအနုပညာရှင်တွေလည်း လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။ လေးစားချင်စရာကောင်းတဲ့ လေယာဉ်မှူးကြီးကိုတော့ ကျေးဇူးတင်ဂုဏ်ပြုပွဲ ပြုလုပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ နေမင်းတို့ အနုပညာရှင်တစ်စုက MNA ကပြုလုပ်မယ့် ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ဖို့ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့အတူ ခရီးထွက်လာကြတာ တွေ့ရပါတယ်။ မကြာခင်မှာ ကျင်းပပြုလုပ်မယ့် ဂုဏ်ပြုပွဲကိုတက်ရောက်ဖို့ လေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့ကြတဲ့ နေမင်းတို့အနုပညာရှင်တစ်စုက ဖိတ်ကြားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း နေမင်းက လေယာဉ်မှူးကြီးတို့နဲ့အတူ နေပြည်တော်ရှိ " Horizon Lake View Resort " ကိုရောက်ရှိနေကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် နေမင်းက " လေယာဉ်မှုးကြီး အပါအဝင် ကျွန်တော်တို့ရောက်လာခြင်းကို video clips လေးနဲ့ တင်ပြပါရစေ " ဆိုပြီး ဂုဏ်ပြုပွဲ တက်ရောက်ဖြစ်ခဲ့ပုံကို ဗီဒီယိုလေးနဲ့တကွ ပြောပြထားတာ ဖြစ်ပါတယ်။ ခင်လေးနွယ်ကလည်း " လေယာဉ်မှူးကြီးနဲ့ အဖွဲ့သားတွေကို ဂုဏ်ပြုတာကို ဖိတ်ကြားခဲ့ရလို့ လာရောက်ခဲ့တာပါ " ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့အတူ နေပြည်တော်ကို ရောက်ရှိနေတဲ့ နေမင်းတို့အနုပညာရှင်တစ်စုရဲ့ လှုပ်ရှားမှုတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nay Min & Si Thu Maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။