FC Cup အုပ်စု(စ) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာကလပ် ရန်ကုန် ယူနိုက်တက်အသင်းနှင့် ကမ္ဘောဒီးယားကလပ် နာဂဝေါလ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ မေလ ၁၅ ရက်ညနေ ၄ နာရီခွဲအချိန်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီးရန်ကုန်ယူနိုက်တက်အသင်းကမောင်မောင်လွင်၊မီလာတို့ရဲ့သွင်းဂိုးတွေနဲ့တူတူ(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာပထမအကျော့ကရှုံးကျွေးကိုအိမ်ကွင်းမှာပြန်ဆပ်နိုင်ခဲ့ပါတယ်။ဒီပွဲစဉ်ကတော့တစ်ခြားပွဲစဉ်တွေနဲ့မတူပဲအာရှဒေသတွင်းမှာအမျိုးသမီးဒိုင်၃ဦးကိုင်တွယ်ခဲ့တဲ့သမိုင်းဝင်ပွဲဖြစ်ပါတယ်။ဒီလိုသမိုင်းဝင်ပွဲမှာနိုင်ပွဲတစ်ပွဲကိုယူနိုင်ခဲ့တဲ့ရန်ကုန်ယူနိုက်တက်အသင်းကိုတော့ချီးကျူးဂုဏ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာရလဒ်တွေဆိုးရွားနေတာကြောင့်အသင်းနည်းပြမျိုးမင်းထွန်းရာထူးကနုတ်ထွက်ပြီးနောက်ယာယီနည်းပြနဲ့ပထမဆုံးနိုင်ပွဲတစ်ပွဲကိုရယူနိုင်ခဲ့တာပါ။ဒီပွဲစဉ်ကတော့ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲတာကြောင့်မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်လည်းhighlight videoလေးကိုတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:AFC CUP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။