ဖြူစွပ်စွပ်ညီအစ်မနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေမြင်လို့ စူပါမော်ဒယ်လ်တွေလို့တော့ အထင်မမှားလိုက်ပါနဲ့။ တကယ်တော့ သူတို့ညီအစ်မနှစ်ယောက်လုံးက ဆယ်လီတွေလည်း မဟုတ်ကြပါဘူး။

လာရာ နဲ့ မာရာ ဆိုတဲ့ အမွှာညီအစ်မ ဟာ Albino ဆိုတဲ့ ကုုိယ်တွင်းဓာတ်ဗီဇ ဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ ရှားပါးရောဂါတစ်မျိုးကို ခံစားနေရရှာပါတယ်။ သူတို့နှစ်ယောက်ရဲ့ အသွင်သဏ္ဍာန်ကတော့ အများအမြင်မှာ ပုံမှန်လူတွေထက် ထူးခြားနေတဲ့အတွက် သတိထားမိလာကြတာပါ။

ဒီရောဂါခံစားနေရသူတွေဟာ အရေပြား၊ ဆံပင်နဲ့ မျက်လုံးတွေမှာ ရောင်ခြယ်လုံးဝမရှိပဲ ပြင်ပက ရောဂါတွေဝင်ရောက်ဖို့လွယ်ကူခြင်း ၊အရေပြားကင်ဆာဖြစ်နိုင်ချေများတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဒါ့ပြင်ရှားပါးရောဂါဖြစ်ပြီး လူတွေမှာသာမက တိရစ္ဆာန်တွေမှာလည်း ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

သူတို့ညီအစ်မနှစ်ယောက်ကို မော်ဒယ်လ်အဖြစ် သုံးဖို့ ဘယ်သူမှ စိတ်ကူးမိမှာမဟုတ်ပေမယ့် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့က Swizz ဓာတ်ပုံဆရာကတော့ Albino အမွှာညီအစ်မကို ပွဲထုတ်ဖို့ အိုင်ဒီယာရခဲ့ပါတယ်။

စိတ်ကူးရသွားတဲ့ အဲ့ဒီဓာတ်ပုံဆရာက အသက်(၁၁)နှစ်အရွယ် လာရာတို့ ညီအစ်မနှစ်ယောက်ကို ဓာတ်ပုံမော်ဒယ်လ်တွေအဖြစ် ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံဆရာရဲ့ ရည်ရွယ်ချက်ကတော့ သူတို့လေးတွေဆီမှာလည်း ပုံမှန်နဲ့မတူတဲ့ အလှတွေရှိတယ်ဆိုတာ လူတိုင်းသိအောင် ချပြင်ချင်တဲ့ပုံပါပဲ။

သူတို့ညီအစ်မလေးနှစ်ယောက်ရဲ့ ဓာတ်ပုံပရောဂျက်ကို ရှားပါးပန်းပွင့်ကလေးများ လို့နာမည်ပေးထားပြီး ပရောဂျက်မှာ သူတို့လေးတွေရဲ့ အစ်မဖြစ်သူ ရှီလာလည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့ညီအစ်မ ရဲ့ ပုံလေးတွေကို အားပေးကြည့်ရှုသူများပြားလျက်ရှိပြီး အင်စတာဂရမ်မှာလည်း ဖော်လို၀ါအများကြီးနဲ့ ဆယ်လီဖြစ်နေပါပြီတဲ့။ ဖြူစွပ်စွပ်အသားအရောင် ဆံပင်ပုံစံတွေကြောင့် သာမန်လူဖြု ၊ လူမဲတွေကြားမှာမှ နေ့ချင်းညချင်း ထင်ပေါ်သွားပါတော့တယ်။v 

သတင်းအရင်းမြစ် Borepanda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။