နေ့စဉ်နီးပါးဖြစ်ပွားနေတဲ့ မီးလောင်မှုသတင်းတွေကို အားလုံးလည်းကြားသိကြမယ်ထင်ပါတယ်။ မီးသတ်တပ်ဖွဲ့ယာဉ်များ အချိန်မီရောက်လာနိုင်ရေးနဲ့ အရေးပေါ်ကူညီမှုတွေကိုတော့ အနည်းငယ်လျော့နည်းလျှက်ရှိပြီး လက်ရှိ သင်ကြားမှုတွေနဲ့အတူ လေ့ကျင့်ရေးလုပ်ဆောင်မှုတွေကို နေ့စဉ်မပျက်ပြုလုပ်တက်ကြတာတွေ့ရပါတယ်။ မကြာသေးမီက ကျရောက်ခဲ့တဲ့ ၇၃ ကြိမ်မြောက် မီးသတ်တပ်ဖွဲ့နေ့မှာလည်း ပြည်တွင်း မီးသတ်တပ်ဖွဲ့ဝင်များရဲ့ လုပ်ဆောင်မှုကို ပြည်သူများစွာကြည့်ရှု့ခဲ့ရပြီး ကျေနပ်မှုတွေအပြည့်ရရှိခဲ့ကြတာတွေ့ရပါတယ်။  

ဒီကနေ့ မေလ ၁၆ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ Junction City တွင် မီးဘေးအန္တရယ် ကာကွယ်ရေးနှင့် အရေးပေါ်လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ အဆိုပါ လုပ်ဆောင်မှုကတော့ ဒီကနေ့ မနက် ၉ နာရီ ၃၀ ခန့်က စတင်ခဲ့တာဖြစ်ပြီး ၁၀ နာရီ ၃၀ မိနစ်အထိပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။  

အဆိုပါ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဌာနမှ " ၁၆.၅.၂၀၁၉ ရက်နေ့တွင် ၀၉း၃၀ အချိန်မှ ၁၀း၃၀ အချိန်ထိ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ Junction City တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ အသုံးပြုပြီး သန္ဓေနှင့် သီးသန့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Fire Drill ပြုလုပ်မည်ဖြစ်ပါသဖြင့် ပြည်သူလူထုအနေဖြင့် အထိတ်တလန့်မဖြစ်ပွားစေရေးအတွက် ကြိုတင်သိရှိနိုင်စေရန် အသိပေးအပ်ကြောင်း " ရေးသားထားတာတွေ့ရပါတယ်။ အမိုက်စားလက်တွေ့လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

VIDE0 - MYANMAR FIRE SERVICES DEPARTMENT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။