ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် အကယ်ဒမီမင်းသားချော မြင့်မြတ်ကတော့ လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး အလှူအတန်းတွေကိုလည်း ရက်ရောသူပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ရိုးသားပြီး ပကာသနကင်းတဲ့ သဘာဝမင်းသားချော မြင့်မြတ်ကတော့ အခုတစ်ခါမှာလည်း (၃၁)ဘုံသားတွေအတွက် ရည်စူးပြီး ဘုရားတည်ဖို့အတွက် အလှူငွေတွေ မတည်လှူဒါန်းလိုက်တယ်လို့ သိရပါတယ်..။


ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် သစ်ဖြူကျေးရွာအုပ်စု လှေတော်ရွာ ကျောက်တောင်ကြီးပေါ်မှာ (၃၁)ဘုံသားများအတွက်ရည်စူးပြီး တည်ထားကိုးကွယ်မယ့် (၃၁) တောင်ပြည့် အောင်သိန္ဒိစေတီ တည်ဖို့အတွက် အလှူငွေ သိန်း(၅၀)ကို မတည် လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်..။

အခုလို ဘုရားတည်ဖို့အတွက် အလျူငွေတွေ မတည်လှူဒါန်းလိုက်တဲ့ မြင့်မြတ်ရဲ့ ကုသိုလ်အလှူထူးလေးကို လှေတော်ရွာသူ/ရွာသားတွေနဲ့ ဘုန်းတော်ကြီးတွေကလည်း တအားကို ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်..။


အဲ့ဒီအကြောင်းကို အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ချစ်ပရိသတ်တွေကို မျှဝေထားပြီး အလှူလေးအတွက် လေးစားဝမ်းသာမိသလို “ယခု ကုသိုလ်အမျှကို နတ် လူ ဘီလူး မုဒိတာပွားများ၍ ပီတိဝမ်းသာဖြင့် သာဓုခေါ်ဆို ကုသိုလ်အမျှရကြပါစေ..” ဆိုပြီးတော့လည်း ကုသိုလ်အမျှလေးတွေ ပေးဝေထားပါသေးတယ်..။

ကဲ.. ချစ်ပရိသတ်ကြီးရေ.. မွန်မြတ်တဲ့ ကုသိုလ်ထူး အလှူလေးကို ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ကြည်နူးသာဓုခေါ်စရာ အလှူလေးအတွက် ဝမ်းသာပီတိလေးတွေ သာဓုခေါ် ဆုတောင်းခေါ်ရင်း အလှူရှင်ဂျင်းကောင်အတွက် ဆုတောင်းစကားလေးတွေလည်း ပြောပေးလိုက်ရအောင်နော်..။

Photo - ထူးအယ်လင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။