ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးကတော့ OFFICIAL TRAILERမထွက်လာခင်မှာပဲ မီဒီယာတွေရော ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပဲဖြစ်ပါတယ်။ ရွှေထူး ရွှေမှုံ ဖြိုးငွေစိုး နေခြည်ဦးစတဲ့ ပရိသတ်အချစ်တော် အနပညာရှင်တွေနဲ့ တစ်ခြားသော အနပညာရှင်တွေများစွာပါဝင်ထားတဲ့ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘယ်လိုပုံစံနဲ့ ထွက်ပေါ်လာမလဲဆိုတာ ပရိသတ်တွေရော ပြည်သူချစ်အနပညာရှင်တွေပါ စိတ်ဝင်တစားနဲ့ စောင့်မျှော်နေခဲ့ကြပါတယ်။ 

မနေ့ညကတော့ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေစောင့်မျှော်ရကျိုးနပ်ခဲ့ပြီး ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ OFFICIAL TRAILERဟာ စတင်ထွက်ရှိလာခဲ့ပါတယ်။ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ OFFICIAL TRAILERဟာ စတင်ထွက်ရှိပြီး ၂၄ နာရီမပြည့်မီမှာပဲ ကြည့်ရှုသူပရိသတ် တစ်သန်းကျော်သွားတဲ့အထိ ပရိသတ်တွေကြားရေပန်းစားသွားခဲ့ပါတယ်။  

ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့နာမည်ကြီးဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ကရိုက်ကူးပေးခဲ့တာဖြစ်ပြီး ရွှေထူး နေခြည်ဦး ရွှေမှုံ ဖြိုးငွေစိုးတို့က အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ပါဝင်ထားခဲ့တာပဲဖြစ်ပါတယ်။ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ OFFICIAL TRAILERထဲက "ဧည့်သည်ဆိုတာ အချိန်တန်ရင် အိမ်ပြန်ရတယ်တဲ့... အဲ့ဒါပုံသေနည်းပဲ..." ကျနော်သူ့ကိုချစ်တယ်... ကျနော်မတက်နိုင်ဘူး ခင်ဗျားဘာလုပ်မလဲ ထိုးမလား... ထိုးလိုက် " ဆိုတဲ့ စကားလေးတွေဟာ ပရိသတ်တွေရဲ့ ရင်ထဲကို စွဲထင်စေခဲ့ပါတယ်။  

စစ်မှန်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ရတာကြောင့် ဗျာများနေတဲ့ လူငယ်တွေရဲ့သဘာဝကို ရိုက်ကူးပြထားတဲ့ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးကို မေလ (၃၀) ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများမှာ စတင်ပြသမှာပဲဖြစ်ပါတယ်။ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီရဲ့OFFICIAL TRAILERဟာ ကြည့်ရူသူတစ်သန်းကျော်သွားခဲ့သလို အဆိုပါဇာတ်ကားကြီးကို ရုပ်ရှင်ရုံတွေမှာ ကြည့်ရူဖို့ များစွာသောပရိသတ်တွေက စောင့်ဆိုင်းနေကြပြီဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲကို ထိစေခဲ့တဲ့ ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ OFFICIAL TRAILERဗီဒီယိုလေးကို အောက်မှာဖော်ပြေးလိုက်ပါတယ်။

source: ဧည်သည်ရုပ်ရှင်ဇာတ်ကားကြီး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။