သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီးချောလေး နေခြည်ဦးက အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ နာမည်ရအောင်မြင်လာပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေခြည်ဦးက ဝါရင့်သရုပ်ဆောင် မင်းသားချော နေတိုးနဲ့အတူ " အခမ်းနားဆုံး မေတ္တာ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ နေခြည်ဦးက "ရန်သူ" ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိခဲ့ပြီး ပရိသတ်တွေအားလုံးရဲ့ လက်ခံအားပေးမှုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အလှတွေပိုတိုးပြီး နာမည်ကြီးအောင်မြင်လာခဲ့တဲ့ နေခြည်ဦးက ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ အလုပ်တွေနဲ့ အချိန်တိုင်း မအားမလပ်ဖြစ်နေတဲ့ နေခြည်ဦးကိုတော့ ဒီနေ့မနက်မှာ သူမရဲ့မေမေက ပျော်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ နေခြည်ဦးရဲ့ချစ်မေမေ အန်တီဆွေက သမီးလေး ရူတင်သွားခါနီးမှာ ချစ်စရာအမူအရာလေးတွေနဲ့ ဖိုက်တင်းလုပ်ပြပြီး လိုက်ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် နေခြည်ဦးက "Shooting သွားရင် စိတ်အေးအေးထားတဲ့ ကြာပန်းလေး စိတ်လန်းအောင် ခူးပေးလိုက်တယ် Chillies တွေရှိတာ မမေ့နဲ့တဲ့ ဪ... အပူအပင်ကင်းတဲ့ ကလေးလေး မေမေ" ဆိုပြီး မေမေရဲ့ဗီဒီယိုဖိုင်လေးကို တင်ထားတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့မေမေကတော့ ကလေးလေးတစ်ယောက်ကို အပြစ်ကင်းစင်ပြီး အရမ်းကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သမီးလေးကို အားပေးစကားဆိုထားတဲ့ နေခြည်ဦးမေမေရဲ့ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။ 

Source:Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။