Britney Spears ရဲ့ မန်နေဂျာတစ်ယောက်ဖြစ်တဲ့ Larry Rudolph ဟာဆိုရင် သူမရဲ့ကျန်မားရေးကိစ္စတွေနဲ့ပတ်သတ်ပြီး စစ်ပွဲဝင်နေရတဲ့အတွက် ဘယ်တော့အခါမှ မဖျော်ဖြေတော့ဘူးလို့ ပြောပြခဲ့ပါတယ်။ အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ Pop အဆိုတော်ဟာ ၂၀၁၈ခုနှစ်တုန်းက သူမရဲ့ပွဲတစ်ပွဲဖြစ်တဲ့ Britney: Domination ဆိုတဲ့ပွဲကို Las Vegas မှာ Rehearsal တိုက်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ သူမရဲ့ပွဲစီစဉ်သူဟာ သူမဘယ်တော့မှ စတိတ်စင်ပေါ်ကို မတက်တော့ဘူးလို့ ပြောပြခဲ့ပါတယ်။ 

အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ Larry ဟာ " သူမကို လမ်းညွှန်ပေးရတဲ့သူတစ်ယောက်အနေနဲ့...ကျွန်တော်မှာရှိတဲ့အချက်အလက်တွေရယ် သူမနဲ့အတူတူအလုပ်လုပ်တဲ့ ပရော်ဖက်ရှင်နယ်တွေဆိက အချက်အလက်တွေကို ကျွန်တော်စုလိုက်တဲ့ချိန်မှာ Vegas မှာပြုလုပ်မဲ့ပွဲကို သူမဖျော်ဖြေနိုင်တော့တာကို အရှင်းကြီး သိလိုက်ရပါတယ်....နောက်နှစ်မှာလဲ မဖျော်ဖြေနိုင်တော့သလို....ဘယ်တော့မှလဲ ဖြစ်မလာနိုင်တော့လောက်ပါဘူး " လို့စိတ်မကောင်းစွာ ပြောပြခဲ့ပါတယ်။  

ဆက်လက်ပြီးသူက " သူပရိသတ်တွေ သူမကိုဘယ်လောက်ချစ်တာ Support ပေးတာ ကိုကျွန်တော်သိပါတယ်....အဲ့လိုမျိုးရှိတဲ့အတွက်လဲ ကျွန်တော်ကျေနပ်ပါတယ် " လို့ပြောပြခဲ့ပါတယ်။ Larry ဟာဆိုရင် Britney ရဲပမန်နေဂျာအဖြစ် ၁၉၉၈ ကနေ ၂၀၀၄ နဲ့ ၂၀၀၈ ကနေ ခုချိန်ထိ သူမရဲ့မန်နေဂျာ အဖြစ်ရှိနေတာမို့ သူမဘဝရဲ့ ၃ပုံပုံ ၂ပုံမှာ သူဟာပါဝင်နေခဲ့ပါတယ်။ Larry လဲ အပေါ်ကစကားတွေအပြင် သူတို့နှစ်ယောက် ဖြတ်သန်းခဲ့ရတဲ့ ဂီတလမ်းကြောင်းတွေရယ် စိတ်မကောင်းဖြစ်တာတွေကို ဆက်လက်ပြောပြခဲ့ပါသေးတယ်။ Britney လဲ သူမရဲ့မိသားစုနဲ့ပတ်သတ်ပြီး ဖိအားတွေများနေတာရယ် တခြားသောကိစ္စတွေကိုရှင်းပြီးရင် ပြန်လာမှာမို့ စိတ်မပူကြပါနဲ့လို့ သူမရဲ့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။