အကယ်ဒမီဆုရှင် မင်းသမီးခိုင်းသင်းကြည်ရဲ့ သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးဟာဆိုရင် အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိပြီး မိခင်ခြေရာကိုနင်းနိုင်သူလေးပဲဖြစ်ပါတယ်...။ ခန္ဓာကိုယ်သွယ်လျပြီး ပုရိသတိုင်းရဲ့ အသည်းနှလုံးကို ဆွဲကိုင်လှုပ်ယူနိုင်သူလေးဖြစ်တဲ့ စံထိပ်ထားဦးဟာ စိတ်သဘောထားဖြူစင်မြင့်မြတ်သူလေးလည်းဖြစ်ပါတယ်..။ စံထိပ်ထားဦးဟာ ဖက်ရှင်ကျ ဒီဇိုင်းဆန်းသစ်သော ဝတ်စုံလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အမြဲ စမတ်ကျ လှပနေသူလေးဖြစ်ပါတယ်..။ စံထိပ်ထားဦးတို့မိသားစုလေးဟာ ပျော်ရွှင်အေးချမ်းလျက်ရှိပြီး ဘဝခရီးလမ်းနှင့် အနုပညာခရီးလမ်းကို ကြိုးစားပြီး လျှောက်လှမ်းနေကြတာကို မြင်တွေ့ရမှာပါ..။

နော်ဖောအယ်ထားဟာဆိုရင်လည်း social media လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေသူဖြစ်ပြီး တိုင်းရင်းသူလေးဖြစ်တာမလို့ ဖြူဝင်းပြီး ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်..။ နော်ဖောအယ်ထားဟာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်း ထွက်လေ့ရှိပြီး အမှတ်တရပုံရိပ်တွေကိုလည်း ထုတ်ဖော်ပြသလေ့ရှိတာဖြစ်ပါတယ်..။ နော်ဖောအယ်ထားရဲ့ ကမ်းခြေထက်က ပုံရိပ်များဟာဆိုရင် မြင်သူတကာအပေါင်းကို ဖမ်းစားညှို့ယူဆွဲဆောင်နိုင်တာဖြစ်ပါတယ်...။ နော်ဖောအယ်ထားဟာ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလာပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ...။

စံထိပ်ထားဦးနှင့် နော်ဖောအယ်ထားတို့နှစ်ဦးလုံးဟာ facebook စာမျက်နှာကို အသုံးပြုလေ့ရှိပြီး သူတို့တွေရဲ့ အနုပညာလှုပ်ရှားမှုနှင့် နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "Pizzamaru Myanmar" ရဲ့ Grand opening ပွဲလေးသို့ သူမတို့နှစ်ဦးလုံး တက်ရောက်ခဲ့တာဖြစ်ပြီး အမှတ်တရပုံရိပ်လေးတွေကို ဓာတ်ဖမ်းခဲ့ကြတာဖြစ်ပါတယ်...။ အနုပညာညီအစ်မတွေလို ချစ်ခင်ကြတဲ့ သူမတို့နှစ်ဦးလုံးဟာ တတိုင်းပြည်လုံးရှိ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကိုလည်း ကိုယ်စီပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်...။

Source San Htate Htar Oo၊ Naw Phaw Eh Htar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။