ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာအသိုင်းအဝိုင်းမှာ ဟိုးအရင်အချိန် အချိန်အခါကနေပြီးတော့ အခုထက်ထိအောင်မြင်နေဆဲ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မေကဗျာကိုမသိတဲ့သူမရှိပါဘူးနော်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ပြနိုင်တာကြောင့် အားလုံးရဲ့ လက်ခုပ်သံတွေက သူမအတွက်ဖြစ်နေခဲ့ရပါတယ်။

သူမဟာလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို အချိန်ရရင်ရသလို လုပ်ဖြစ်နေပြီးတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတယ်လို့သိရပါတယ်နော်။ ဒါ့အပြင်သူမဟာ ဘယ်တော့မှ အသက်ကြီးသွားတယ်လို့မထင်ရလောက်အောင်ကို ကျက်သရေရှိပြီး နုပျိုလှပတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားသူပါနော်။

သူမဟာ တည်ငြိမ်ရင့်ကျက်သူလေးတစ်ယောက်ဖြစ်ပေမယ့် တစ်ခါတစ်ရံ ကလေးလေးတွေလို ပေါ့ပေါ့ ပါးပါးလွတ်လွတ်လပ်လပ်လေးနေတတ်ပါသေးတယ်နော်။ အခုလည်း သူမအရမ်းကြိုက်တဲ့ ပုံလှလှလေးဖော်ထားတဲ့ ရေခဲချောင်းလေးကို ပရိတ်သတ်တွေ စားချင်စိတ်ပေါက်လာအောင် စားပြပြီးတော့ သရေကျအောင်လုပ်လိုက်ပြန်ပါတယ်နော်။ ကဲ... ဘယ်အချိန်ပဲကြည့်ကြည့် နုပျိုပြီးလှပပြီး အရမ်းကိုချစ်ဖို့ကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Ei Phyo Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။