ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲရဲ့ လိဒ်ဖလားရှုံးထွက်ပြိုင်ပွဲတွေကိုတော့မနေ့ကယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။အဲ့ပွဲစဉ်တွေထဲမှာမှပရိသတ်တွေစိတ်အဝင်စားဆုံးပွဲစဉ်ဖြစ်တဲ့Police Tero အသင်းနဲ့မြောင်တောင်တို့အသင်းပွဲစဉ်မှာတော့အောင်သူရဲ့အသင်းဟောင်Police Tero အသင်းကအနိုင်ရရှိသွားပြီးနောက်တစ်ဆင့်တက်ရောက်သွားတာဖြစ်ပါတယ်။

ဒီပွဲမှာတော့မြောင်တောင်အသင်းဟာလူအစုံပွဲထုတ်ခဲ့ပေမယ့်ပရိသတ်တွေမျှော်လင့်နေတဲ့အောင်သူကတော့အရံစာရင်းမှာတောင်မပါလာခဲ့ပါဘူး။Police Tero အသင်းဟာအောင်သူပြီးခဲ့တဲ့ရာသီကကစားခဲ့တဲ့အသင်းဖြစ်ပြီးတန်းဆင်းခဲ့ရတာပါ။ခုမြောင်တောင်အသင်းဟာရာသီအစတည်းကရလဒ်တွေဆိုးရွားနေတာဖြစ်ပြီးခုမှာလည်းတန်းဆင်းအသင်းတစ်သင်းကိုတောင်အရှက်တကွဲရှုံးနိမ့်ခဲ့တာပါ။

ပရိသတ်တွေကတော့ဒီနေ့အသင်းဟောင်းနဲ့ပွဲမှာအောင်သူ့ကိုတွေ့ရဖို့မျှော်လင့်ခဲ့ပေမယ့်နည်းပြကတော့ပွဲထွက်ခွင့်မပေးတဲ့အပြင်အရံစာရင်းမှာတောင်မထည့်ခဲ့တာပါ။အောင်သူကတော့မြောင်တောင်အသင်းကိုပြောင်းရွေ့ပြီးနောက်ပိုင်းပွဲထွက်ခွင့်နည်းပါပြီးကစားသမားတွေရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်တစ်ကိုယ်တော်ခြေစွမ်းတွေနဲ့သာကစားခဲ့ရပါတယ်။ပရိသတ်တွေအတွက်လည်းအောင်သူအသင်းဟောင်းနဲ့မြောင်တောင်အသင်းတို့ရဲ့ Highlights လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Muangthong United FC.

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။