မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်နဲ့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်တို့နှစ်ယောက်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားနေတဲ့ ကိုလူချောလေးဖြစ်သလို သင်ဇာကလည်း ပုရိသတွေရဲ့ နှလုံးသားပဲ့ကိုင်ရှင်မလေး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေအားလုံးက သူတို့နှစ်ယောက်ကို အထူးအာရုံစိုက်နေကြတာ ဖြစ်ပါတယ်။

" သူ ဘယ်သူလဲ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးနေတဲ့ ပိုင်တံခွန်နဲ့ သင်ဇာတို့ရဲ့ရိုက်ကွင်းပေါ်က ပုံရိပ်အချို့ကလည်း အရမ်းကိုစိတ်ဝင်စားစရာကောင်းနေတာ ဖြစ်ပါတယ်။ ညဘက်ကြီး ရိုက်ကူးရေးပြုလုပ်နေကြတဲ့ သင်ဇာတို့နှစ်ယောက်က ရိုက်ကွင်းပေါ်မှာ ကြည်နူးစရာကောင်းတဲ့ ဇာတ်ဝင်ခန်းလေးကို သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်လုံး သွေးသံတရဲရဲနဲ့ အပီအပြင် သရုပ်ဆောင်နေကြပုံကို သင်ဇာက ဗီဒီယိုလေးတစ်ခု တင်ပေးထားပါတယ်။

ဒါ့အပြင် သင်ဇာက ခေါင်းမှာသွေးအလိမ်းလိမ်းနဲ့ သရုပ်ဆောင်နေရတဲ့ ပိုင်တံခွန်ကို စနောက်ကျီစယ်ထားတာလည်း တွေ့ရပါတယ်။ ပိုင်တံခွန်နဲ့ သင်ဇာတို့နှစ်ယောက်ရဲ့ Romantic ဆန်ပြီး ကြည်နူးစရာကောင်းတဲ့ ဇာတ်ဝင်ခန်းလေးဗီဒီယိုလေးကလည်း ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။