မြန်မာ့လက်ဝှေ့လောကရဲ့ နာမည်ကြီးဖိုက်တာတစ်ဦးဖြစ်တဲ့ သံမဏိစိုးလင်းဦးကိုတော့ လက်ဝှေ့ချစ်ပရိသတ်အားလုံးသိမယ်ထင်ပါတယ်။ နိုင်ငံဂုဏ်ဆောင်ထားသူတစ်ဦးဖြစ်တဲ့ ကျန်းမာရေးမကောင်းတဲ့မိဘနစ်ပါးကို နှစ်ရှည်လများလုပ်ကျွေးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပထမတန်းစားလက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ စိုးလင်းဦးကတော့ လက်ဝှေ့ထိုးလို့ရသမျှငွေကြေးများထဲမှ အချို့တဝတ်ကို အမြဲ ရပ်ရွာတွင်းရှိ နွမ်းပါးသူများကို လှူဒါန်းတက်သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။  

မကြာသေးမီက တက်သစ်စဖိုက်တာတစ်ဦးဖြစ်တဲ့ ရွှေရာမာန်ကို ဆေးဒဏ်ရာကြောင့် ရှုံးနိမ့်ခဲ့ရပေမယ့် စိုးလင်းဦးရဲ့ ပရိသတ်တွေကတော့ ယနေ့အထိရှိနေဆဲဖြစ်တာတွေ့ရပါတယ်။ အသက် ၃၀ ကျော်ရှိနေပြီဖြစ်တဲ့ စိုးလင်းဦးကတော့ မြန်မာ့လက်ဝှေ့လောကမှာ ကျင်လည်နေသူတစ်ယောက်ဖြစ်ပေမယ့် သာယာပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။   

မကြာသေးမီကစိုးလင်းဦးကတော့ မိသားစုနဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေထဲမှာ ဇနီးသည်နျင့်အတူ ကလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားတဲ့ စိုးလင်းဦးရဲ့ ပုံရိပ်လေးတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ နိုင်ငံဂုဏ်ဆောင်ဖိုက်တာကြီးစိုးလင်းဦးရဲ့ မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

PHOTOS - THET LWIN AUNG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။