ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာပြီး အေးချမ်းတဲ့အလှတရားလေးကို ပိုင်ဆိုင်ထားပါတယ်နော်။အနုပညာမျိုးရိုးကဆင်းသက်လာတဲ့ မင်းသမီးလေးဖြစ်လို့ အနုပညာအရည်အသွေးကတော့ မကြီးစိုးနဲ့ မကြီးဒါဒါ တို့လို အိုင်တင်အရမ်းကောင်းပြီး ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ အနုပညာရှင်တစ်ယောက်ပါ။

စိုးပြည့်က နာမည်လေးနဲ့ လိုက်ဖက်စွာ ပြည့်ပြည့်လေးနဲ့အရမ်းချစ်စရာကောင်းပြီး ပေါင်းသင်းဆက်ဆံရေးလည်းကောင်းမွန်သူမို့ လူချစ်လူခင်ပေါများတဲ့ မင်းသမီးလေးပါ။စိုးပြည့်က ယခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက် လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်များစွာကို ရရှိထားပါတယ်။စိုးပြည့်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်ကြီးကလည်း စိုးပြည့်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုအားပေးကြတာပါနော်။

အခုဆိုရင်တော့ စိုးပြည့်သဇင်က "လူးလူးစိန်"ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး ဇာတ်ကားထဲမှာ စတိုင်တစ်မျိုးနဲ့ ဒီဇိုင်းဆန်းလေးကိုတွေ့မြင်ရပါတယ်နော်။သူငယ်ချင်းကျော်ကျော်ကလည်း ရိုစီဇာတ်ရုပ်ကနေ ပါဝင်ထားလို့ သူငယ်ချင်းနှစ်ယောက်က အမြဲတမ်းခွီနေရတာပါ။အခုဆိုရင်တော့ စိုးပြည့်တို့ လူးလူးစိန်အဖွဲ့သားတွေက မဟာဝိဇယစေတီမှာ Shooting ရိုက်နေကြပြီး အနီရဲရဲဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ လူးလူးစိန်ရဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။