မိခင်ဖြစ်သူဆိုက အနုပညာအမွေကိုလက်ခံရရှိထားတဲ့ အဆိုတော် ရတနာမိုင်ဟာဆိုရင် အနုပညာအလုပ်များစွာကို ကြိုးစားလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်...။ အသံချိုချိုလေးနဲ့ တေးသီချင်းအေးအေးလေးတွေကို သီဆိုလေ့ရှိတဲ့ ရတနာမိုင်ဟာဆိုရင် ချစ်စရာကောင်းလွန်းသူလေးပဲဖြစ်ပါတယ်...။ ခန္ဓာကိုယ်သွယ်လျပြီး အမူအရာလေးလည်းကောင်းတာမလို့ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်..။ ရတနာမိုင်ဟာ စိတ်သဘောထားကောင်းသူဖြစ်ပြီး ပရိသတ်အပေါ်မှာလည်း မာနမထားဘဲ ပြုမူဆက်ဆံလေ့ရှိတာကို မြင်တွေ့ရမှာပါ..။

Gym Trainer ဆရာမလေးဖြစ်တဲ့ စုစုဝေ ဟာဆိုရင်လည်း ထူးခြားတဲ့အချစ်ရေးကို ပိုင်ဆိုင်ရရှိထားတာပါနော်...။ မြန်မာပြည်ရောက် ဂျာမဏီနိုင်ငံသား တစ်ဦးဖြစ်တဲ့ Mikis Weber ဆိုသူနဲ့အတူ တည်ငြိမ်အေးချမ်းတဲ့ ချစ်သူဘဝကိုတည်ဆောက်နေတာဖြစ်ပါတယ်..။ Mikis က rap သီချင်းများကို သီဆိုလေ့ရှိပြီး မြန်မာဘာသာစကားကိုလည်း ကောင်းမွန်စွာ ပြောဆိုနိုင်သူတစ်ယောက်ပါနော်..။ နားလည်မှု အပြည့်ဝရှိတဲ့ သူတို့နှစ်ယောက်ရဲ့ Relation ship ဟာဆိုရင် ထူးခြားဆန်းပြားလှပြီး နတ်ရေးတဲ့ ဖူးစာလို့ ဆိုရမှာပဲဖြစ်ပါတယ်...။

အခုတစ်ခါမှာဆိုရင်လည်း အစီအစဉ်တစ်ခုရဲ့ ရိုက်ကွင်းပေါ်မှာ ရတနာမိုင်နဲ့အတူ စုစုဝေ တို့စုံတွဲလေးက အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြတာပါ...။ အဝင်းကိုလည်း မြင်တွေ့ရမှာဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ ရိုက်ကူးခဲ့ကြတာပါ...။ အဝင်းဟာဆိုရင်လည်း ဂျပန်နိုင်ငံမှာကော၊ မြန်မာနိုင်ငံမှာကော အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်..။ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဝင်းဟာဆိုရင် "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးထားပြီး သဘာဝကျကျ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရှုခံစားခဲ့ကြရမှာပါ...။ Myanmarload ပရိသတ်ကြီးလည်း သိရှိခံစားရအောင် ရိုက်ကူးခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source Su Su Wai 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။