အဆိုဘက်မှာသာမကပဲ သရုပ်ဆောင်ဘက်မှာပါထူးချွန်တဲ့ ပရိသတ်တွေချစ်ခင်ကြတဲ့ ကောင်မလေးကတော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းအချို့ဟာလည်း ကိုယ်တိုင်ရေးသားသီဆိုတာပဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ထပ်တူကျနေခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာ ကိုယ်ဝန်ရှိတာကြောင့် အနုပညာအလုပ်တွေကိုခဏအနားယူထားတာပါ။ 

ခင်ပွန်းသည် ကိုသီဟလွင်ကလည်း သူမကိုအမြဲတမ်းအလိုက်တသိ ဂရုစိုက်စောင့်ရှောက်မှုတွေကြောင့်လည်း ဒီးဒီတစ်ယောက်ပျော်ရွှင်ကြည်နူးနေတာလည်း ဖြစ်ပါတယ်။ မကြာခင်မှာလည်း သူတို့နှစ်ယောက်ဘဝထဲကို သမီးလေးဝင်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီးဒီတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ရင်ခုန်စိတ်လှုပ်ရှားနေကြတာပါ။ မနေ့ညကလည်း သူတို့သမီးလေးရဲ့ Ultrasound ရလာဒ်ကိုကြည့်ပြီး ပျော်ရွှင်နေကြတာဟာလည်း မြင်ရသူတိုင်းကို စိတ်ချမ်းမြေ့စရာပါပဲနော်။

ဒီးဒီရဲ့ချစ်ခင်ပွန်းကတော့ မကြာသေးခင်ကပဲ Bar တစ်ခုကို ရန်ကုန်မြို့ထဲမှာ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ ဒီးဒီတစ်ယောက်ကတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ခင်ပွန်းသည်ရဲ့ ဆိုင်လေးကိုသွားရောက်ပြီး ဓာတ်ဖမ်းခဲ့ပါတယ်ဆိုပြီး ဝေမျှထားတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချစ်စရာကောင်းလွန်းတဲ့ မမဗိုက်လေး ဒီးဒီရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Sandi Myint Lwin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။