ဒီတစ်ခါ ဖော်ပြမယ့်အကြောင်းအရာကတော့ တစ်ကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး လူ့အသက်ကိုပါ ဒုက္ခပေးနိုင်တဲ့ ငါးတစ်မျိုးအကြောင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ငါးရဲ့နာမည်ကတော့ Candiru ဖြစ်ပြီး ရေချို ငါးခူကပ်ပါး စာရင်းထဲမှာ ပါဝင်ပါတယ်။ Candiru ငါးတွေများသောအားဖြင့် အမေဇုန်မြစ်ဝှမ်းတစ်လျှောက်မှာ ကျင်လည် ကျက်စားကြပြီး အန္တရာယ်အပေးနိုင်ဆုံး ငါးစာ၇င်းထဲမှာ ပါဝင်ပါတယ်။ ဒီငါးတွေဟာ မြစ်အတွင်း အမှတ်တမဲ့ အပေါ့သွားတဲ့သူတွေရဲ့ ဆီးလမ်းကြောင်းကနေ ဆီးပြွန်အတွင်းကို ဝင်ရောက်နိုင်စွမ်းရှိပါတယ်။

ပြီးရင်တော့ ခန္ဓာကိုယ်ထဲရဲ့ တစ်နေရာရာမှာ ခိုကပ်နေတတ်ပြီး သွေးနဲ့ အခြားသော ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ထားတဲ့ အရာတွေကို စားသုံးပြီး အသက်ရှင်နေတာပဲ ဖြစ်ပါတယ်။ ဘာလို့ ဆီးလမ်းကြောင်းကနေ ဝင်တာလဲလို့ အတိအကျ ပြောနိုင်တဲ့အချက်ကတော့ ဗီဒီယိုမှတ်တမ်းတွေ တစ်ကယ်ရှိလို့ပါပဲ။ တစ်ခါတုန်းကဆိုရင် အမျိုးသားတစ်ဦးဟာ အမေဇုန်မြစ်ဝှမ်းတစ်လျှောက်ငါးဖမ်းနေရင်း အမှတ်တမဲ့ အပေါ့သွားမိလိုက်ရာကနေ သူကရဲ့ ဆီးလမ်းကြောင်းကနေ ဝင်ရောက်ခဲ့တာကြောင့် ခွဲစိတ်ကုသခဲ့ရတဲ့ အထိတောင် ဖြစ်ခဲ့ရပါတယ်။

ခွဲစိတ်ဆရာဝန်ရဲ့ ပြောကြားချက်အရ ဒီကပ်ပါးဟာ အမျိုးသားရဲ့ ကပ္ပါယ်အိတ်အတွင်းမှာ ခိုအောင်းဖို့ ကြိုးစားနေတာလို့ သိရပါတယ်။ များသောအားဖြင့် Candiru ငါးတွေဟာ ငါးကြီးတွေရဲ့ ပါးဟပ်ထဲမှာ ခိုကပ်နေတတ်ကြပြီး ထိုငါးကြီးတွေရဲ့ သွေးကို စုပ်ယူကာ အသက်၇ှင်နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးအနေနဲ့လည်း အင်းအိုင် မြစ်ချောင်းအနီးမှာ မတတ်နိုင်လို့ အပေါ့စွန့်ခဲ့မယ်ဆိုရင်တောင် သတိလေးနဲ့ ဆင်ခြင်ပြီး အပေါ့စွန့်သင့်တယ်လို့ အကြံပြုလိုက်ရပါတယ်နော်။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။