ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ဦးဖြစ်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေးကတော့ တစ်နေ့တစ်ခြား အရမ်းကို ချစ်ဖို့ကောင်းလာတာ တွေ့ရပါတယ်။ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ထိပ်ထားလေးက မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး မော်ဒယ်လေးလည်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ထိပ်ထားလေးက ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းတဲ့ ထိပ်ထားလေးကိုတော့ ပရိသတ်တွေသာမက အနုပညာရှင်တွေ အကုန်လုံးကပါ ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။တီတီတာတာ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်လာတဲ့ ထိပ်ထားသခင်ကတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေကို အတူတွဲဖက်လုပ်ဆောင်နေပြီဖြစ်ကာ ပရိသတ်တွေလည်းအခိုင်မာရရှိထားတာလည်းဖြစ်ပါတယ်။ထိပ်ထားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။

ထိပ်ထားလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုကိုအပြည့်အဝရရှိထားသူလေးဖြစ်ပြီး လုံးလုံးဝိုင်းဝိုင်းနဲ့ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ အိုက်တင်စတိုင်တွေကို သင်ပေးစရာမလိုလောက်အောင် တတ်ကျွမ်းတဲ့ ထိပ်ထားလေးကို အသည်းယားစရာကောင်းတဲ့ ပုံစံအမျိုးမျိုးနဲ့ ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။လတ်တလောမှာတော့ မေမေတို့ ဖွားဖွားတို့နဲ့ အတူအမေများနေ့ အတွက်ရိုက်ထားတဲ့ အမှတ်တရ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ အရမ်းချစ်ဖို့ကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:La Pyae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။