ပြည်တွင်း သောက်သုံးရေရှားပါးတဲ့ ဒေသတွေကတော့ များစွာရှိနေတာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ အဆိုပါ သောက်သုံးရေရှားပါးတဲ့ နေရာတွေကို ပရဟိတအဖွဲ့များ နိုင်ငံတော်မှာ တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမှုတွေလည်း ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သောက်သုံးရေရှားပါးတဲ့ ဒေသတွေထဲမှာ မင်းလှမြို့နယ် သက္ကယ်ကျင်းကျေးရွာလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။  

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ ရာသီဥတုပူပြင်းသည့် နွေရာသီကာလအတွင်း ကျေးလက်နေပြည်သူများ ရေပြတ်လပ်မှုမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရှိစေရေးအတွက် ဒီကနေ့နံနက် (၈)နာရီက မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု၊ သက္ကယ်ကျင်း ကျေးရွာ၌ သောက်သုံးရေ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ထိုသို့ သောက်သုံးရေ လှူဒါန်းပေးရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမင်းဇော်ဟန်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းတာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ကျော်ထွန်း နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လှူဒါန်းပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

သက္ကယ်ကျင်းကျေးရွာတွင် အိမ်ခြေ (၁၆၁)အိမ်၊ လူဦးရေ (၅၈၃)ဦးရှိပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရေသန့်ဘူးကြီး ၁၀၀၊ မင်းလှမြို့နယ် ဌာနဆိုင်ရာများမှ ရေဂါလန် ၂၄၀၀ အထိ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေဂါလန် ၄၅၀၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေဂါလန် ၈၀၀ တို့ကိုဖြန့်ဝေ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

SOURCE - MOI WEBPORTAL MYANMAR 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။