ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချောရတနာကတော့ တစ်ခေတ်တစ်ခါတုန်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ကိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့ပါတယ်။အခုချိန်မှာဆိုရင် ချောရတနာက အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ မိသားစုအတွက်သာ အချိန်ကိုလုံလောက်စွာပေးနေတာပဲဖြစ်ပြီး ပရိသတ်တွေတော့ ယခုချိန်ထိ သူမကို အားပေးချစ်ခင်နေဆဲဖြစ်ပါတယ်။

ချောရတနာက သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ထက်မြတ်တဲ့သားကြီးလေးနဲ့ ချစ်စရာသမီးချောလေးနှစ်ယောက်ကို မွေးဖွားထားလို့ မိသားစုဘဝလေးက စိုစိုပြေပြေပါပဲနော်။သားနဲ့သမီးလေးကလည်း မေမေချောရတနာနဲ့တူကြပြီး လိမ္မာရေးခြားရှိကာ ချစ်စမွှေးပါကြလို့ ချစ်ခင်တဲ့လူတွေများတဲ့ ကလေးလေးတွေဖြစ်ပါတယ်။မေမေချောရတနာက သားနဲ့သမီးကိုဘက်စုံတော်တဲ့ကလေးလေးတွေဖြစ်အောင် သေချာပြုစုပျိုးထောင်နေတာဖြစ်ပါတယ်။

သားကြီးလေးကိုလည်း အရွယ်ငယ်ကတည်းက အခုချိန်ထိ ညအိပ်ရာဝင်ခါနီးတိုင်း စာဖတ်ပြပေးတာကြောင့် သားလေးက အခုဆိုရင်"မေမေဖတ်မယ် အိပ်ပျော်ခံနီးတိုင်းပြောနေကျစကားလေး ဒါလေးတွေနဲ့ပဲ ကြွေနေရတဲ့ဘဝပါ"ဆိုပြီး သားသားက မေမေစာဖတ်ပြတာကို ညတိုင်းနားထောင်ပြီးမှ အိပ်ပျော်တာပါ။ချောရတနာတို့သားအမိနှစ်ယောက်ရဲ့ ညအိပ်ရာဝင်ခါနီး ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။