အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်နေတဲ့ စိုးမြတ်သူဇာ နဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မတွေဟာ ပရိသတ်တွေအခိုင်အမာရရှိထားကြသူပါ။

စိုးမြတ်နန္ဒာရဲ့ သားလေးဖြစ်တဲ့ မြတ်သောမောင် ကတော့ ကိုရင်ဝတ်လိုက်ပါပြီလို့ သူမရဲ့ ဖေ့ဘုတ်စ်မှာ တင်ထားပါတယ်။

ဒကာမတွေဖြစ်သွားကြလို့ ပီတိဖြစ်နေတဲ့ စိုးမြတ်သူဇာ နဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မတွေဟာ သားသားလေးနှစ်ယောက်ကို ကိုရင်ဝတ်ပေးဖို့ ဆရာတော်ဘုရားထံမှာ လျှောက်တင်ခဲ့ပြီး ကုသိုလ်ယူခဲ့ပါတယ်။ 

စိုးမြတ်နန္ဒာဟာ ဖြိုးကြီးနဲ့ အိမ်ထောင်ကွဲပြီးနောက်မှာ သားလေးမြတ်သောမောင်နဲ့ကိုပြုစုပျိုးထောင်ရင်းနဲ့ပဲ အတူနေထိုင်နေတာဖြစ်ပါတယ်။  

ချစ်စရာကောငး်လိုက်တဲ့ သားအမိတွေပါပဲ။ မြတ်သောမောင်လေးလည်း ကုသိုလ်ကောင်းမှုအကျိုးတွေ ခံစားရပြီး မိဘကိုသိတတ်တဲ့ သားလိမ္မာလေးဖြစ်ပါစေနော်။

ကိုရင် အဂ္ဂနန္ဒ နဲ့ ကိုရင်သောမနန္ဒ အတွက် သာဓုခေါ်လိုက်ပါဦးပရိသတ်ကြီးရေ။ 

သတင်းအရင်းမြစ် Soe MyatNandar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။