မန်ချက်စတာယူနိုက်တက်အသင်းဟာဒီနှစ်ဘောလုံးရာသီအကုန်မှာတော့အဆင့်၆နေရာနဲ့သာရပ်တည်နိုင်ခဲ့ပါတယ်။မန်ယူအသင်းဟာဒီနှစ်ဘောလုံးရာသီမှာတော့ရလဒ်တွေဆိုးရွားနေတာဖြစ်ပြီးချန်ပီယံလိဒ်ဝင်ခွင့်လည်းဆုံးရှုံးခဲ့ရပါတယ်။မန်ယူအသင်းရဲ့ကစားသမားတွေဟာလစာကိစ္စနဲ့အသင်းရဲ့ပွဲစဉ်တွေကိုတောင်စိတ်ပျက်လက်ပျက်ကစားနေကြတာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ပေါ့ဘာ၊ဒီဂီယာစတဲ့ကစားသမားတွေဟာအသင်းကထွက်ခွာချင်နေတာကြောင့်သူတို့ရဲ့ကစားပုံတွေပေါ့ပျက်ပျက်ကစားနေကြတာပါ။ပရီးမီးယားလိဒ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ကာဒစ်စီးတီးကိုရှုံးနိမ့်တဲ့ပွဲစဉ်မှာလည်းပေါ့ဘာနဲ့ပရိသတ်တွေဟာဆဲဆိုပြီးအချင်းများနေကြတာပါ။

အဆိုပါvideoလေးဟာတော်တော်များများမှာပြန့်နှံ့သွားပြီကစားသမားကောင်းတစ်ယောက်လုပ်ရက်နဲ့မပီသဘူးလို့ဝေဖန်မှုတွေရှိနေတာပါ။မန်ယူပရိသတ်တွေကလည်းအသင်းအတွက်ကစားပေးချင်စိတ်မရှိတာကြောင့်ပေါ့ဘာကိုခုလိုဆဲဆိုမှုတွေပြုလုပ်ခဲ့တာပါ။ပရိသတ်တွေအတွက်လည်းပရိသတ်နဲ့အပြင်းအထန်ရန်တွေဖြစ်နေကြတဲ့ပေါ့ဘာရဲ့videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။