ပရီးမီးယားလိဂ်နည်းပြများအစည်းအရုံးက ရွေးချယ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုမန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကရရှိခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြဂွါဒီယိုလာဟာ ဒီဆုကိုနှစ်နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပြီးသူဦးဆောင်တဲ့မန်စီးတီးအသင်းဟာ ဥရောပပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့သော်လည်း ပြည်တွင်းအောင်မြင်မှုများကို နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 

မန်စီးတီးဘောလုံးအသင်းဟာ ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ထိသာ တက်ရောက်နိုင်ခဲ့သော်လည်း ကွာရာတောင်ဖလား၊ ပရီးမီးယားလိဂ်ဆုဖလားတို့ကိုရယူပေးနိုင်ခဲ့ပြီး FA ဖလားတွင် ဗိုလ်လုပွဲစဉ်အထိတက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထို့အပြင် မန်စီးတီးအနေဖြင့် ဝက်ဖို့ဒ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် FAဖလားဗိုလ်လုပွဲစဉ်တွင် ချန်ပီယံဆုဆွတ်ခူးနိုက်ခဲ့ပါက ယခုနှစ်ဘောလုံးရာသီတွင် ဆုဖလားသုံးလုံးဆွတ်ခူးနိုင်သည့် အသင်းအဖြစ်ရပ်တည်လာနိုင်မှာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကပရီးမီးယားလိဂ်ဆုဖလားကို အမှတ်ပြတ်ဖြင့်ရရှိခဲ့သော်လည်း ယခုနှစ်တွင် အနီးကပ်ဆုံးပြိုင်ဘက် လီဗာပူးအသင်းကို တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားကိုဦးဆောင်ကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်အပြင် လက်ရှိချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့သည့် အသင်းအဖြစ်လည်းမှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။