ပရိသတ်ကြီးရေ.. ဒီကနေ့ မေလ(၁၆)ရက်နေ့လေးကတော့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အသက်(၂၁)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပီပြင်ပိုင်နိုင်မှုတွေအပြင် အမြဲယုံကြည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ သူမရဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေက အမြဲအချစ်ပိုနေရတဲ့ ရွှေမှုံလေးကတော့ မွေးနေ့မနက်ပိုင်းကတည်းက လှူဒါန်းမှုကုသိုလ်လေးတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။


မွေးမှုံလေးကတော့ သူမရဲ့ အသက်(၂၁)နှစ်ပြည့် မွေးနေ့ပွဲလေးကို အသက်တမျှချစ်မြတ်နိုးရတဲ့ မိသားစုတွေအပြင် ချစ်ပရိသတ်တွေနဲ့လည်း မွေးနေ့ ပြုလုပ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်..။

အဲ့ဒီနောက် သူမရဲ့ မွေးနေ့ကုသိုလ်လေးအဖြစ် မွေးနေ့မနက်ပိုင်းက မှော်ဘီမြို့နယ်ရှိ အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ သံဃာတော်တွေအတွက် ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်တွေကိုလည်းထောပတ်ထမင်း ကျွေးမွေးလှူဒါန်းခဲ့ပါသေးတယ်..။


မိသားစု၊ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်လေးခွဲပြီး မွေးနေ့လေးကို ပျော်ရွှင်စွာကျင်းပပြုလုပ်ပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်နေတဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကလည်း တကယ်ကို ကြည်နူးပျော်ရွှင်စရာလေးပါပဲနော်..။

ရွှေမှုံလေးရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေနဲ့အတူ ပြုလုပ်ကျင်းပခဲ့တဲ့ မွေးနေ့ပွဲဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးလည်း သဘောကျနေကြမှာပါနော်..။

Photo - Sai Ye Min Thaw၊ We Love Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။