Selena Gomez ဟာဆိုရင် ဗုဒ္ဓဟူးနေ့တုန်းက Cannes ရုပ်ရှင်ပွဲတော်ကိုလဲ သွားရင် သူရဲ့ရုပ်ရှင်ကားဖွင့်ပွဲကိုလဲ တက်ရောက်ခဲ့တာ ပရိသတ်ကြီး သိမှာပါ။ အဲ့ရုပ်ရှင်ကားမိတ်ဆက်ပွဲမှာ သူမဟာ လူတစ်ယောက်ရဲ့ မေးခွန်းကြောင့် Social Media နဲ့ပတ်သတ်ပြီး ဘယ်လိုဖြစ်တယ်ဆိုတာကို ပြောကြားသွားခဲ့ပါတယ်။ အဆိုတော်မလေး Selena ရဲ့အသက်ဟာ ၂၆နှစ်ရှိပြီဖြစ်ပြီး သူမဟာဆိုရင် Instagram မှာ လူပေါင်း သန်း၁၅၀က Follow လုပ်တာခံထားရတဲ့သူပဲဖြစ်ပါတယ်။  

ရုပ်ရှင်မိတ်ဆက်ပွဲမှာ လူတစ်ယောက်က သူနဲ့ တခြားသော သရုပ်ဆောင်တွေကို ခြိမ်းခြောက်မေးခွန်းမေးခဲ့တဲ့အတွက် သူမက " အထူးသဖြင့် ကျွန်မရဲ့ မျိုးဆက်တွေအတွက်ပေါ့...Social Media ကထိတ်လန့်စရာဖြစ်နေပါတယ်...အဲ့အရာကို ပလက်ဖောင်းအနေနဲ့သုံးလိုရတယ်ဆိုတာ ကျွန်မနားလည်....ဒါပေမဲ့ အာ့ကကျွန်မကို ထိတ်လန့်စေပါတယ်...ကျွန်မထင်ပါတယ် အာ့က အန္တရာယ်တစ်ခုဆိုတာ သေချာပါတယ် " လို့ပြောပြခဲ့ပါတယ်။ သူမကိုလူတစ်ယောက်က Social Media အသုံးပြုသူအများစုဟာ သူကို follow လုပ်ထားကြတဲ့အတွက် လုံခြုံအောင်လုပ်သင့်တယ်လို့ ပြောခဲ့ကာ သူမက ခုအခြေအနေနဲ့တော့ မဖြစ်နိုင်ဘူး လို့ပြောခဲ့ပါတယ်။ 

တစ်ခါတုန်းက မလေးရှားက ကောင်မလေးတစ်ယောက်ဟာ Instagram မှာ သူ့ကိုသူသတ်သေသင့်လားဆိုတဲ့ ရွေးချယ်မှု Post ကိုတင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ သူမဟာ ခေါင်းမိုးပေါ်ကနေ ခုန်ချကာ သတ်သေသွားခဲ့ပါတယ်။ သူမကို သတ်သေဖို့အတွက် Vote ပေးသူက ၆၉ရာခိုင်နှုန်းရှိခဲ့ပါတယ်...ဒါပေမဲ့ သူမကိုအဲ့လိုမလုပ်ဖို့အတွက် Vote ပေးသူက ၈၈ရာခိုင်နှုန်းရှိပါတယ်။ ကျွန်မပြောပြချင်တာကို သဘောက်ပေါက်တယ်မလားဆိုပြီး ပြောပြခဲ့ကာ Social Media အကြောင်းနဲ့ရုပ်ရှင်အကြောင်းတွေကို သူမကဆက်လက်ပြောပြခဲ့ပြီး ပွဲကို အဆုံးသတ်ခဲ့ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။