ချစ်ပရိတ်သတ်ကြီးရေ.... ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဝိုင်းလေးဆိုတာ ပရိတ်သတ်တွေရဲ့အချစ်တော်လေးပါပဲနော်။ သူမဟာ popသီချင်းချိုချိုလေးတွေကို အများဆုံးသီဆိုတတ်ပြီးတော့ ထွက်သမျှသီချင်းတိုင်းလိုလို အောင်မြင်မှုတွေရရှိထားတဲ့ လူငယ်အဆိုတော်လေးတွေထဲကတစ်ယောက်ပါပဲနော်။

Bellaဟာ ဆိုရင်လည်း အနုပညာပါရမီပါသူလေးတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ မဆုတ်မနစ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေကို ပိုင်ဆိုင်နေခဲ့ရပါတယ်နော်။ အခုနောင်ပိုင်းမှာဆိုရင်လည်းသူမဟာ အနုပညာအလုပ်တွေကိုအရင်ကထက်ကြိုးစားပြီး ဆက်တိုက်လုပ်လာနေခဲ့တာကိုတွေ့ရပါတယ်နော်။

ဒီရက်ပိုင်းမှာတော့ ဝိုင်းလေးကတော့ ခရီးလေးတွေထွက်ဖြစ်နေပြီး ပွဲလေးတွေလည်းတက်ဖြစ်နေတာကိုတွေ့ရပါတယ်နော်။ အခုတစ်ခါမှာလည်း ဝိုင်းလေးဟာ 1G1 8Hotel Grand Opening ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနားကို မော်ဒယ်မလေး Bellaနဲ့အတူ ပွဲတက်လာခဲ့တာကိုတွေ့ရပါတယ်နော်။ နောက်ထပ်ပွဲလေးတစ်ခုမှာလည်း နှစ်ယောက်သား လက်တွဲပြီးတော့ စင်ဒရဲလားမင်းသမီလေးနဲ့ စနိုးဝှိုက်မင်းသမီးလေး အလား ဂါဝန်လေးတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ပုံစံလေးပွဲတက်လာခဲ့သေးတဲ့အတွက် ပွဲတက်လာတဲ့သူတွေတိုင်းလည်ပြန်ငေးခဲ့ရပါတယ်နော်။ကဲ... ဝိုင်းလေးတို့ရဲ့ချစ်ဖို့ကောင်းတဲ့ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။