မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အပြင်သွားခါနီး ဓာတ်လှေကားထဲဝင်လိုက်ချိန်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဝင့်ယမုံနိုင်က သူမရဲ့ My Story မှာဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအကုန်လုံးကို အသေးစိတ်ကအစ သေချာပြောပြခဲ့တာ ဖြစ်ပါတယ်။ ဓာတ်လှေကားကြီးတစ်ခုကို တုန်ခါပြီး အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်နေချိန် ဝင့်ယမုံနိုင်က အထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့တာပဲ ဖြစ်ပါတယ်။

သူမကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကိုတော့ ဝင့်ယမုံနိုင်က " အပြင်သွားဖို့ ဓာတ်လှေကားစီးတယ် B1 နှိပ်အပြီး တံခါးလည်းအပိတ် ဂျိန်းဂျိန်းဂျိန်း အသံကြီးမြည်ပြီး ဓာတ်လှေကားကြီးခါပြီး အောက်ကိုအရှိန်နဲ့ကျသွားတယ်။ အထဲက နံပါတ်တွေဘာတစ်ခုမှ မီးမလင်းတော့ဘူး။ ဓာတ်လှေကားမီးတော့ လင်းသေးတယ်။ အထဲမှာ ကိုယ်တစ်ယောက်တည်း ပြန်ထွက်ဖို့ခလုတ်နှိပ်တယ်။ တံခါးမပွင့်တော့ဘူး ခလုတ်တွေလည်း မီးမလင်းတော့ဘူး ဘာတစ်ခုမှ အလုပ်မလုပ်တော့ဘူး။ ဓာတ်လှေကားတစ်ခုလုံး ခါနေတယ်။ ဂျီဂျီဂျီ အသံတွေမြည်နေတယ် တံခါးပွင့်မယ့် အသံထွက်နေပေမယ့် မပွင့်ဘူး ။ "

"ခဏနေ ဂျိန်းဂျိန်းဂျိန်း အသံကြီးမြည်ပြီး တစ်ခုလုံးခါပြီး အပေါ်ကို အရှိန်နဲ့ပြန်တက်သွားတယ်။ လက်ကိုင်ကိုင်ပြီး အထဲမှာ ယမ်းနေတဲ့ ကိုယ့်ကိုကိုယ် မနည်းထိန်းထားရတယ်။ အသံတွေမြည်ပြီး အရှိန်နဲ့ အပေါ်ပြန်တက်လိုက် အောက်ဆင်းလိုက်ဖြစ်နေတာ အရေးပေါ်ဆက်သွယ်ရမယ့် နံပါတ်ကိုခေါ်တယ် ဖုန်းမအားဘူး။ အထဲမှာ လှုပ်တောင်မလှုပ်ရဲဘူး တော်တော်ကြာနေတော့မှ တံခါးက ဖြည်းဖြည်းချင်း လူတစ်ယောက်စာလောက်ပဲ ပွင့်လာတယ်။ အမြန်ပြေးထွက်ပြီး ကြည့်လိုက်တော့ လာခဲ့တဲ့အလွှာကို ပြန်ရောက်နေတယ်။ လှေကားနဲ့ပြန်ဆင်းတော့ ၂ လွှာအရောက် ဓာတ်လှေကားထဲက ဝုန်းခနဲ အသံအကျယ်ကြီးမြည်ပြီး တစ်ခုခုတိုက်မိသလို ပေါက်ကွဲသလိုလို အသံကျယ်ကြီး ထွက်လာတယ်။ ဓာတ်လှေကားတော့ ဘာဖြစ်သွားပြီလဲ မသိဘူး။ လူတစ်ကိုယ်စာလေးသာ တံခါးမပွင့်ခဲ့ရင် အခုချိန် ဓာတ်လှေကားထဲ ဘာဖြစ်နေမလဲမသိဘူး ဘုရားဘုရား တော်သေးတာပေါ့ ဓာတ်လှေကားထဲက ပြန်ထွက်လို့ရလို့ " ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။

Source:Wint Yamone Naing;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။