Stratolaunch လို့အမည်ရတဲ့ လေယာဉ်ကတော့ ၂၀၁၉မှာ စတင်ပျံသန်းဖို့စီစဉ်နေပီပဲ ဖြစ်ပါတယ်။ အဆိုပါလေယာဉ်ကို ထူးဆန်းစွာ အင်္ဂလိပ်အက္ခရာ H ပုံစံဆောက်လုပ်ထားပီး အာကာသအတွင်း လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

ထိုလေယာဉ်ပေါ်မှာ အမှူထမ်းမယ့်ဝန်ထမ်း ၃ဦးလိုက်ပါလာမှာဖြစ်ပြီး ဝန်ထမ်း၃ဦးစလုံးဟာ လေယာဉ်ရဲ့ ညာဘက်အခြမ်းမှာ လိုက်ပါရမှာပဲဖစ်ပါတယ်။ လေယာဉ်မှာ ဘီး ၂၈ဘီးပါဝင်ပြီး ဘိုးရင်းလေယာဉ်တွေထက် ခြောက်ဆလောက်အင်ဂျင်ကြီးပါတယ်။

လေယာဉ်ရဲ့တည်ဆောက်ပုံကတော့ ကိုယ်ထည်နှစ်ခုပါရှိပြီး အတောင်ပံအရှည်ဟာ ဘောလုံးတစ်ကွင်းစာလောက်ရှိပါတယ်။ အဆိုပါဆလယာဉ်ကို ပီးခဲ့တဲ့စက်တင်ဘာလကတည်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ၃၀၀ကုန်ကျထားပါတယ်။

Source: Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။