မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မီးလောင်မှုတွေထဲမှာ လျှပ်စစ်မီးကြောင့်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီးတွေကတော့ မရေမတွက်နိုင်အောင်ရှိနေတာပဲဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ထဲမှာ မေလ ၁၅ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရပါတယ်။ 

မီးလောင်တဲ့သတင်း ရရှိပြီးနောက် မီးသတ်ကား ၁၀ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့် နေအိမ် ၄ လုံး မီးထဲပါသွားတယ်လို့ မူဆယ်ခရိုင် မီးသတ်ဌာန ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်က ပြောပြခဲ့ပါတယ်။ “နေအိမ်က စုစုပေါင်း အိမ်သေးရော အိမ်ကြီးရော လေးလုံးတော့ လောင်သွားတယ်။ သွပ်မိုးထရံကာ မြေစိုက်အိမ်တွေပါ။ အဲဒီအိမ်တွေက အလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းတွေဆိုတော့ ပစ္စည်းကြီးကြီးမားမားတွေ သိပ်မရှိဘူး။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေကို ကျပ် ၁၁ သိန်း ၉ သောင်းလို့ ခန့်မှန်းပါတယ်။” လို့ ကနဦးသတင်းများအရ သိရပါတယ်။  

မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက်မှာ မီးစလောင်တာဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၅၅ မှာ မီးညွန့်ကျိုးသွားကာ ညနေ ၂ နာရီမှာ လုံးဝမီးငြိမ်းသွားခဲ့တယ်လို့ မူဆယ်မီးသတ်ဌာနက ပြောပြခဲ့ပါတယ်။ မီးစလောင်တဲ့ နေအိမ်မှာ နေထိုင်တဲ့သူက လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ပြီး အဝတ်သွားလျှော်နေစဉ် လျှပ်စစ်မီး အပူလွန်ကဲရာက မီးလောင်ကျွမ်းတာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို အမှုဖွင့် အရေးယူသွားဖို့ ရဲစခန်းက စီစဉ်ဆောင်ရွက်နေပါတယ်။

PHOTOS - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။