ဝါရင့်အဆိုတော်တစ်ဦးဖြစ်တဲ့ ချစ်ကောင်းမှာ ဖခင် ခြေရာကို နင်းနိုင်မယ့် သမီးချောလေးအိမ့်ချစ်ကို လူတိုင်းသိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် စိတ်သဘောထားဖြူစင်သူဖြစ်ပြီး ပွင့်လင်းရိုးသားသူဖြစ်ပါတယ်...။ ညိုချောလေးဖြစ်ပြီး ခန္ဓာကိုယ်အချိုအစားဟာဆိုရင်လည်းပြေပြစ်သွယ် လျသူတစ်ယောက်ပါနော်...။ အိမ့်ချစ်ရဲ့ သူငယ်ချင်းဖြစ်တဲ့ မိုရီဆာကီဝင်း နဲ့အတူ အနုပညာအလုပ်တွေကိုလည်း အတူလက်တွဲလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်...။

PRIZMAX အဖွဲ့ဟာဆိုရင် ဂျပန်နိုင်ငံမှာလည်းအောင်မြင်လျက်ရှိပြီး၊ မြန်မာနိုင်ငံမှာလည်း အခိုင်အမာပရိသတ်တွေကို ပိုင်ဆိုင်ရရှိထားတာပါနော်...။ သူတို့အဖွဲ့ လေးဟာဆိုရင် အဆို၊ အက မျိုးစုံဖြင့် ပရိသတ်တွေအပေါ် ဖျော်ဖြေမှုစွမ်းအားပေးနိုင်တာပဲဖြစ်ပါတယ်...။ နှုတ်ခမ်းနီမလေး တွေရဲ့ အသည်းစွဲ အဝင်းဟာဆိုရင် "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သဘာဝကျကျ ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်..။ အနုပညာဝါသနာပါတဲ့ အဝင်းဟာဆိုရင် စိတ်သဘောထား ပြည့်ဝသူဖြစ်ပြီး၊ လူတိုင်းအပေါ်မှာ ပွင့်လင်းရိုးသားစွာ ဆက်ဆံတတ်သူလည်း ဖြစ်ပါတယ်...။

အိမ့််ချစ်ဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "Till next time my friends..!! See you again on TV... Win’s Show Time will be on MNTV soon.." ဆိုတဲ့ status လေးနဲ့တကွ PRIZMAX အဖွဲ့သားများနှင့် အမှတ်တရ ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။