ပရိသတ်ကြီးရေ.. မော်လ်ဒယ် သရုပ်ဆောင်မင်းသားချော ထူးအောင်ကတော့ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေအပြင် ညို့အားပြင်းတဲ့ အမိုက်စားBody တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော ထူးအောင်ကတော့ ဒီကနေ့လေးမှာပဲ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး GYM ဆိုင်လေး တစ်ခုကို ဖွင့်လှစ်လိုက်တာ တွေ့ရပါတယ်..။


သူတို့ သူငယ်ချင်းတစ်စုရဲ့ GYM ဆိုင်လေးဖြစ်တဲ့ Star Fitness Club ဆိုင်ဖွင့်ပွဲလေးကို ဒီကနေ့ မနက် (၉)နာရီက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပြင် အနုပညာရှင်များစွာလည်း တက်ရောက်လာခဲ့ကြပါတယ်..။

Star Fitness Club ဆိုင်ဖွင့်ပွဲလေးကို တက်ရောက်ခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း အနုပညာရှင်တွေက သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ မျှဝေရင်း ဂုဏ်ပြုစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။


မြောက်ဒဂုံမြို့နယ်၊ (၁၃)ရပ်ကွက်၊ သံသုမာလမ်း၊ အမှတ်(၈၅၉) မှာ ဖွင့်လှစ်လိုက်တာဖြစ်ပြီး အနုပညာရှင်များဖြစ်ကြတဲ့ ထိပ်တန်းမင်းသမီးချော သက်မွန်မြင့်၊ ကျော်ထက်အောင်၊ မင်းရာဇာ၊ ထူးအောင်၊ ဒီဇိုင်နာ မပုံ့၊ ဇင်အောင်နဲ့ အခြားအနုပညာရှင်များစွာ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာ ထူးအောင်တို့ သူငယ်ချင်းတစ်စုရဲ့ ဆိုင်ဖွင့်ပွဲလေးအတွက် ဂုဏ်ပြုပေးရင်း အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ သွားရောက်အားပေးရင်း ကျန်းမာရေးနဲ့ အလှအပလေးတွေအတွက် အားကစားလေးတွေလည်း ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo - ကျော်ထက်အောင်၊ သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။