ဘေဘီ Liam လေးကတော့ ကြော်ငြာမင်းသမီးလေး ယွန်းဝတီလွင်မိုးရဲ့သားချောလေးဖြစ်ပြီး ဘိုးဘိုးလွင်မိုးရဲ့ ပထမဆုံးမြေးဦးလေး ဖြစ်ပါတယ်။ မွေးကင်းစအူဝဲအရွယ်လေးကတည်းက ဆံပင်ထောင်ထောင်လေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ Liam လေးက အခုဆိုရင် ပရိသတ်တွေအားလုံးရဲ့အချစ်တွေကို အပိုင်ရရှိထားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Liam လေးက ဘိုးဘိုးဖြစ်သူ လွင်မိုးနဲ့လည်း ပိုပိုပြီး ရုပ်ချင်းဆင်လာတာ တွေ့ရပါတယ်။

မေမေယွန်းက ကျောင်းတက်နေရတာကြောင့် ဘိုးဘိုး၊ဘွားဘွားတွေရဲ့ လက်ပေါ်မှာ ကြီးပြင်းလာတဲ့ Liam လေးက အခုဆိုရင် အသက်ကိုးလတိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ Liam လေးက အရာရာကို စူးစမ်းတတ်လာပြီဖြစ်သလို အခုလည်း အိမ်ကိုလာလည်တဲ့မမတွေကို မျက်စိလေးမှိတ်ပြနေတာ တွေ့ရပါတယ်။ မမတွေက စကားပြောနေတာကို ပြန်ကြည့်ပြီး မျက်လုံးလေးနှစ်ဖက် မှိတ်ပြနေတဲ့ Liam လေးက အရမ်းကို အသည်းယားစရာကောင်းလှပါတယ်။

ဒါကြောင့်လည်း ဘိုးဘိုး၊ဘွားဘွားတွေနဲ့ မိသားစုတွေသာမက အနုပညာရှင်နဲ့ ပရိသတ်တွေကပါ Liam လေးကို ဝိုင်းတုန်ချစ်နေရတာ ဖြစ်ပါတယ်။ ကြည့်မိသူတိုင်း အချစ်တွေပိုခဲ့ရတဲ့ Liam လေးရဲ့ ဗီဒီယိုလေးကတော့ ခဏခဏကြည့်ချင်လောက်အောင် အသည်းယားစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဘိုးဘိုးလွင်မိုးနဲ့ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ Liam လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phu Phu Thit & May Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။