ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များစွာလာရောက်လည်ပတ်လျှက်ရှိပြီး စည်စည်ကားကားတည်ရှိနေတဲ့ ကျိုက်ထီးရိုးစေတီတော်အကြောင်းတွေကို အားလုံးလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်ရွှေသင်္ကန်းကပ်လှူခြင်းနဲ့အတူ အခြားအခြားသော ပွဲတော်များစွာကိုလည်း ပြုလုပ်ကျင်းပလျှက်ရှိတာတွေ့ရပါတယ်။   

မေလ ၁၅ရက်နေ့ မနေ့ကညပိုင်းတွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရိုးတောင်ဝန်းကျင်တွင် မိုကြိုးပစ်ခတ်မှုဖြစ်ပွားခဲ့ရာကျိုက်ထီးရိုးစေတီတော်တွင် ကပ်လှုထားသော ရွှေအချို့မှာမိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ကွာကျခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် cctv ၇၂ လုံးကို စောင့်ကြည့်ထိန်းချုပ်သည့် System Unite ပုံးမှာလည်း လောင်းကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးဂေါပကရုံးမှ သိရပါတယ်။   

"ည ၉နာရီလောက်ကမိုးစရွာတယ်၊၁၀နာရီ လောက်ကျတော့မိုးကပိုရွာလာတယ်၊မိုးကြိုးတွေလည်းပစ်တယ်၊တောင်အနီးတဝိုက်မှာ ဘုရားကိုတော့မိုးကြိုးစက်ကွင်းမလွတ်တဲ့သဘောနဲ့ခုလိုဖြစ်သွားတာပါ၊ထိခိုက်ပျတက်စီးတာတော့သိပ်မရှိပါဘူး ။ရွှေဖတ်တွေတော့ကွာကျတာပေါ့၊ကွာကျတဲ့ရွှေဖတ်တွေကိုတော့စုပြီးတော့သေသေချာချာသိမ်းထားပါတယ်"ဟုဂေါပကရုံးတာဝန်ရှိသူကပြောပြထားပါတယ်။ လွန်ခဲ့သည့်၂၀၁၅ ခုနှစ်ကလည်း အဆိုပါဖြစ်စဉ်မျိုးမိုးကြိုးစက်ကွင်းထိမှန်သောကြောင့်စေတီတော်မှရွှေ ၇ ပိဿာခန့်ရွှေပြားများအကွက်လိုက်ကွာကျမှုဖြစ်ပွားခဲ့သေးကြောင်းသိရပါတယ်။

photos - pyi Myanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။