မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးနဲ့ပရိသတ်အခိုင်အမာရထားတဲ့ Beauty Blogger မလေးကတော့နေခြည်ဦးပဲဖြစ်ပါတယ်။သူကတော့အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုတစ်ခဲနက်သိမ်းပိုက်ထားပြီးအောင်မြင်သထက်အောင်မြင်နေတာပါ။ 

သူမကတော့ခုမှာBloggerအလုပ်တွေအပြင်သရုပ်ဆောင်အလုပ်တွေပါအကောင်းဆုံးကြိုးစားနေကြတာဖြစ်ပါတယ်။သူကတော့ခုမှာဇာတ်ကားကြီးတွေကိုလည်းရိုက်ကူးနေတာဖြစ်ပြီးသူရဲ့သရုပ်ဆောင်မှုတွေကလည်းပရိသတ်တွေသာမကနာမည်ကျော်မင်းသားမင်းသမီးဒါရိုက်တာတွေကတောင်ချီးကျူးနေရတာပါ။မကြာခင်မှာလည်းသူပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားကြီးရုံတင်တော့မှာဖြစ်ပြီးရုံမတင်ခင်ထဲကပရိသတ်တွေစိတ်ဝင်စားမှုကိုအပြည့်ရထားတာဖြစ်ပါတယ်။

သူမကတော့ပရိသတ်တွေအတွက်လူမှုကွန်ရက်ကနေပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းပုံရိပ်တိုင်းကိုအားပေးနေရတာပါ။Videoလေးတွေကိုတင်ပေးလေ့ရှိတဲ့သူမကတော့ခုမှာလည်းပူပြင်းလွန်းတဲ့ရာသီဥတုမှာမောနေတဲ့videoလေးကလည်းကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတာပါ။ချီချီကိုချစ်ပြီးအားပေးနေတဲ့ပရိသတ်ကြီးအတွက်လည်းရန်ကုန်မြို့ရဲ့အပူဒဏ်ကိုမခံနိုင်တော့ပဲမောဟိုက်နေတဲ့ချီချီရဲ့ချစ်စရာvideoလေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Source- Nay Chi Oo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။