Sexy Actress အဖြစ်နဲ့ အနုပညာလှုပ်ရှားမှုတွေလုပ်ပြီးနောက်ပိုင်းမှာ အမြဲလိုလို အလန်းစားအပြင်အဆင်တွေနဲ့ပဲ အတွေ့များရတဲ့ သင်ဇာ ဝင့်ကျော်တစ်ယောက် လက်ရှိမှာတော့ " သူဘယ်သူလဲ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ပွဲတက်ဖက်ရှင် တွေဟာ ပရိသတ်တွေကြားမှာ အတော်လေးရေပန်း စားပြီး ဝေဖန်သူတွေလည်းရှိသလို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း အများ အပြား ပါပဲ။

ချစ်သူနဲ့လည်း အတော်လေးအဆင်ပြေတဲ့ Relationship လေးကို တည်ဆောက်ထားပြီး အေးချမ်းတဲ့ဘဝလေးမှာ သူမက အတော်လေးပျော်ရွှင် နေပုံပါပဲ။ တိုင်းတပါးသားကို ချစ်သူတော်ထားလို့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် သူမအပေါ်အရမ်းနားလည်ပြီး အပြန် အလှန် ချစ်ခင်စုံမက်ကြတဲ့ Couple လေးပါပဲ။ မကြာခဏဆိုသလို ခရီးတွေအတူတူသွား ကြပြီး ပျော်စရာအခိုက်အတန့်လေးတွေကို အတူတူကုန်ဆုံးကြပုံလေးက တကယ်ကို ကြည်နူးစရာပါ။

သင်ဇာတစ်ယောက် သူမရဲ့ရိုက်ကွင်းထက်က ပုံရိပ်တွေကို အမှတ်တရအဖြစ်နဲ့ ပရိသတ်တွေကို ချပြလိုက်တာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တော့ သူမက Sexy ဆန်ဆန် ဝတ်စားတာတွေသိပ်မတွေ့ရပဲ ရိုးရိုးလေးနဲ့ ကြည့်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပုံစံ သရုပ်ဆောင်ထားတာ ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ဘယ်လိုပီပြင် အောင် ပုံဖော်မယ်ဆိုတာတော့ ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။

Photo - Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။