ပရိသတ်ကြီးရေ.. သရုပ်ဆောင် အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မှုတွေနဲ့ ထိပ်တန်းက ရပ်တည်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ စကားသံဝဲ၀ဲလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကတော့ တကယ်ကို ဒိတ်ဒိတ်ကြဲပါပဲ..။

နန္ဒာလှိုင်ဟာ တစ်ချိန်က TV ဖန်သားပြင်နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ နောရာအများဆုံးယူထားနိုင်ခဲ့သူဖြစ်ပြီး အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ရပ်နားလိုက်ပေမယ့်လည်း သမီးလေး သုံးယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ့ ဖြစ်ပါတယ်..။


လှူဒါန်းကုသိုလ်ယူမှုလေးတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ နန္ဒာလှိုင်ကတော့ မနက်ဖြန် မေလ(၁၇)ရက်နေ့မှာ ကျရောက်လာမယ့် သမီးကြီးရဲ့ မွေးနေ့လေးအတွက် မွေးနေ့အလှူကြီးကိုလည်း ခမ်းခမ်းနားနား ကျင်းပပြုလုပ်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

သမီးကြီး မဇေဝတီလှိုင်ရဲ့ မွေးနေ့အလှူအဖြစ် မေလ(၁၈)ရက်နေ့မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာအုပ်စု၊ ဝိုင်းပတ်ကျေးရွာရှိ သက္ကထူပ(ခ)သိကြား ဘုရားစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော် ဆက်ကပ်ခြင်းနှင့် လုံးတော်ပြည့်စတီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားနှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာရှိ ဆံတော်ကြို တပ်တော်ဦး အောင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ့်ရွှေထီးတော် ဆက်ကပ်ခြင်း မင်္ဂလာအခမ်းအနားများကို တခမ်းတနားကြီးကျယ်စွာ ကျင်းပပြုလုပ်လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်..။


အဲ့ဒီ့အပြင် မွေးနေ့ရက်လေးဖြစ်တဲ့ မေလ(၁၇)ရက်နေ့နဲ့ (၁၈)ရက်နေ့ တို့မှာလည်း ထီးတော်တင် ပူဇော်ပွဲအအထိမ်းအမှတ်အဖြစ် မြန်မာပြည်သိန်းတန်၊ မေခလာ၊ သွန်း၊ စိမ့်နေခြည်၊ မေဆူးနိုင်း၊ အာကာဘို တို့ကလည်း သီချင်းတွေနဲ့ သီဆိုဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်နော်..။

ခြိမ့်ုခိမ့်သဲ ကျင်းပပြုလုပ်သွားမယ့် သမီးကြီးရဲ့ မွေးနေ့အလှူလေးကိုလည်း ပရိသတ်တွေ သာဓု အနုမောဒနာခေါ်ဆိုနိုင်ဖို့အတွက် နန္ဒာလှိုင်တို့ ဇနီးမောင်နှံလေးက ပရိသတ်တွေကို ဖိတ်ကြားထားတာလည်း ကြည်နူးပီတိဖြစ်ဖွယ် တွေ့ရပါတယ်..။

Photo - Zaykabar Company Limited၊ နန္ဒာလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။