ရေးသားချက်တွေအရ မြန်မာနိုင်ငံကဘီလျံနာသူဌေးတစ်ယောက်ဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာကို အတိအကျဖော်ပြထားခြင်းမရှိပါဘူး။ သတင်းမှာတော့ ကြာမြင့်နေပြီဖြစ်ပေမယ့် မကြာသေးခင်ကမှ နိုင်ငံခြားသတင်းဝက်ဘ်ဆိုက်ကနေ တင်ထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ သတင်းရင်းမြစ်မှာတော့ သေဆုံးခါနီးမြန်မာနိုင်ငံကသူဌေးတစ်ယောက်ဟာ သူ့ရဲ့ကျန်ရစ်ခဲ့တဲ့ပိုက်ဆံတွေက နောင်ဘဝကိုသယ်ဆောင်သွားလို့မရတာကြောင့် ဆင်းရဲသားတွေဆီကို ပေးကမ်းခဲ့ခြင်းဖြစ်ပြီး ရက်ရောတဲ့လူတစ်ယောက်အနေနဲ့ ရေးသားဖော်ပြထားပြီး နာမည်တစ်စုံတစ်ရာရေးသားထားခြင်းမရှိပါဘူး။

သတင်းဗီဒီယိုမှာတော့ ငွေစက္ကူတွေဟာ မြန်မာငွေစက္ကူတစ်ထောင်ကျပ်တန်တွေဖြစ်ကြောင်းထင်ရှားနေပြီး လူတွေရဲ့အဝတ်အစားတွေကလဲ မြန်မာလူမျိုးတွေဖြစ်ကြောင်းပြသနေပြီး ဝှီးချဲပေါ်ထိုင်နေတဲ့သူဌေးဖြစ်သူကို ပိုက်ဆံယူပြီးတဲ့သူတစ်ချို့က လာရောက်ရှိခိုးကန်တော့နေကြတာကို တွေ့ရမှာပါ။ ဗီဒီယိုကိုကြည့်ရှုခဲ့သူအများစုကတော့ အဆိုပါလူရဲ့စိတ်ကို ချီးကျူးခဲ့ပြီး အချို့ကတော့ မယုံနိုင်စရာဖြစ်တယ်လို့ ရေးသားထားခဲ့ကြပါတယ်။

တင်ထားတဲ့သတင်းဗီဒီယိုအပြည့်အစုံကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။