ပန်းရောင်စိန်ကို လူအများစုက ရှားပါးခြင်းနှင့် ဂုဏ်ကျက်သရေအတွက် ဝတ်ဆင်ကြပါတယ်။ ထို ပန်းရောင်စိန်မှာ ၅၉.၆ကာရက်ရှိပြီး သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၈၃.၂သန်း ရှိပါတယ်။ ထိုပန်းရောင် စိန်ကိုတော့ ၂၀၁၃ခုနှစ်က လေလံပွဲတစ်ခုအတွင်းမှာ ရောင်းချခဲ့ပါတယ်။

လိမ္မော်ရောင် နဲ့ အညိုရောင် အစပ်ရှိသော စိန်ကို ၁၉၅၀ခုနှစ်က မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ပါတယ်။ ထိုစိန်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်က တွေ့ရှိခဲ့သည့်တိုင် ယခုအချိန်အထိကမ္ဘာ့ အရှားအပါးဆုံး ကျောက်မျက်ရတနာ အဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ယခုအချိန်အထိ တိတိကျကျ သတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး။

Musgravite ဆိုတဲ့ ဒီကျောက်လေးကတော့ အတော်လေးကို ရှားပါးတယ်လို့ဆိုရမှာပါ။ အဆိုပါ Musgarvite ကျောက်လေးကို ၁၉၆၇ခုနှစ်တွင် သြစတေးရီးယားလ် တောင်ပိုင်းမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းသာ ရှိတဲ့ ကျောက်လို့တင်စားခဲ့ပေမယ့် ယခုအချိန်မှာတော့

အန္တာတိက ၊ သီရိလကာၤ၊နဲ့ တန်ဇန်နီးယားနိုင်ငံတွေမှာ ထိုကျောက် အပိုင်းအစလေးများကို ရှာဖွေတွေ့ရှိလာကြပါပြီ။ သို့သော်လည်း ကမ္ဘာပေါ်တွင် ရှားပါးတဲ့ကျောက်အမျိုးအစား ဖြစ်တာကြောင့် ယခုအချိန်အထါဈေးကောင်းရလျက်ရှိနေပါတယ်။

Source : The Loupe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။