ချစ်စရာကောင်းတဲ့ အဆိုတော်ဝိုင်းလေးတစ်ယောက် အဆိုတော် Calum Scott ရဲ့ " You Are The Reason " သီချင်းလေးနဲ့ ချစ်စရာကောင်းတဲ့ Short Video လေး ရိုက်ကူးထား တာပဲဖြစ်ပါတယ်။ Slow Motion Mood လေးနဲ့ သူမရဲ့လှုပ်ရှားမှုလေးတွေက အသည်း ယားစရာကောင်းလွန်းနေပါ တယ်။ သီချင်းလေးကလည်း အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ဆိုတော့ သူမရဲ့ ဟန်ပန်အမူအရာလေးနဲ့ ကွက်တိကျလို့နေပါတယ်။ ပန်းရောင်ဂါဝန် လေးနဲ့ Video ထဲမှာ ဝိုင်းလေးတစ်ယောက် အရမ်းကိုချစ်စရာကောင်းနေပါတယ်။

ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ တေးစီးရီးတွေလည်းထွက်ရှိထားပြီး အားပေးမှုတွေလည်း အများကြီးရရှိ ခဲ့တဲ့ အရည်အချင်းပြည့်ဝတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ချင်းမိုင်မြို့မှာ သွားရောက်ဖျော်ဖြေခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်မြို့ကိုပြန်လည်ရောက် ရှိနေပြီပဲဖြစ်ပါတယ်။

Video ထဲမှာ ပြုံးရွှင်ပြီး အရမ်းကိုချစ်စရာကောင်းလွန်းနေတဲ့ ဝိုင်းလေးရဲ့ ပုံရိပ်တွေက မြင်သူတိုင်း မချစ်ပဲမနေနိုင်လောက်အောင်ကို အသည်းယားစရာကောင်းလွန်းနေပါတယ်။ ပန်းရောင်ဂါဝန်လေးကို အထက်ကမီးခိုးရောင်အင်္ကျီလေးနဲ့ တဆက်တည်းချုပ်လုပ်ထား ကာ ဒီဝတ်စုံလေးကို သူမဝတ်လိုက်တဲ့အခါမှာတော့ အပြစ်ပြောရက်စရာမရှိအောင်ကို ပြည့်စုံသွားပါတယ်။ အသည်းယားစဖွယ် ပုံစံလေးနဲ့ Video ထဲက ချစ်စဖွယ်ကောင်းမလေး ရဲ့ ဟန်ပန်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။