လူသားတွေရဲ့ခန္ဓာကိုယ်ဟာဆိုရင် ဖွဲ့စည်းမှုပုံစံတွေ ဖြစ်တည်မှုပုံစံတွေက ရှုပ်ထွေးလျက်ရှိပါတယ်။ လူသားမှမဟုတ်ပါဘူး...သက်ရှိတိုင်းရဲ့ ဖွဲ့စည်းတည်ဆောက်တွေပုံစံက တကယ့်ကို အထူးအခြားဖြစ်ပါတယ်။ ပညာရှင်တွေဟာဆိုရင်လဲ လူသားတွေနဲ့ပတ်သတ်တဲ့ အကြောင်းတွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို အမြဲတမ်းလိုလို သုတေသနပြုလုပ်လျက်ရှိပါတယ်။ ခုဆိုရင် ရှာဖွေတွေ့ရှိမှုတွေထဲက အထူးအဆန်းအကြောင်းအရာ တချို့ကို ဖော်ပြသွားမှာပါ။ 

၁။ ၁၀နှစ်တိုင်းတစ်ခါ အရိုးအသစ်တွေကို ပြန်လည်ရရှိပါတယ်......

သင်ခုချိန်မှာ အသုံးပြုနေတဲ့ အရိုးတွေဟာဆိုရင် သင်ငယ်ငယ်တုန်းက အရိုးတွေမဟုတ်တော့ဘူးဆိုတာသိရင် ဘာဖြစ်သွားမလဲ။ တကယ်လဲ ခုရှိနေတဲ့ အရိုးတွေက ကလေးဘဝတုန်းက အရိုးတွေမဟုတ်တော့ပါဘူး...အသစ်တစ်ဖန်ဖြစ်ပေါ်လာတဲ့ အရိုးတွေပါ။ အရိုးတွေလဲနေတဲ့ချိန်တွေဟာဆိုရင် တခါတလေ သိသာသလို တခါတလေမသိနိုင်ပါဘူး...ဘာလို့လဲဆိုတော့ အဲ့လိုအရိုးအသစ်ကိုလဲနေတဲ့ချိန်မှာ ခန္ဓာကိုယ်ကြီးက ထိန်းပေးထားသောကြောင့်ဖြစ်ပါတယ်...နာနေရင်တော့ အာ့က အရိုးလဲနေတယ်ဆိုတာ သိနိုင်ပါတယ်။ 

၂။ ခန္ဓာကိုယ်ကနေ အလင်းရောင်ကို အနည်းငယ်ထုတ်ပေးပါတယ်......

ဂျပန်နိုင်ငံက ပညာရှင်တွေဟာဆိုရင် အတွေးတစ်ခုနဲ့ လူတွေဟာအလင်းရောင်ထုတ်နိုင်လားဆိုတာကို လေ့လာခဲ့ကြပါတယ်။ အဲ့အတွက်ကြောင့် လူတစ်ယောက်ကို ရက်အနည်းငယ် အမှောင်အခန်းထဲထည့်ကာ ကင်မရာရိုက်ခဲ့ပါတယ်။ ပုံထဲမှာတွေ့တဲ့အတိုင်း လူရဲ့ခန္ဓာကိုယ်မှာ အလင်းရောင်အနည်းငယ်ထုတ်ပေးနေတာကို တွေ့ရှိခဲ့ရပေမဲ့ ဥပဒေနဲ့မလွတ်ကင်းခဲ့ပါဘူး။ အဲ့လူက ပြန်ထွက်လာတဲ့ချိန်မှာ တော်တော်လေးကို အားနည်းနေခဲ့ပါတယ်။ 

၃။ သင့်ရဲချက်မှာ မျိုးစိတ်မသိသေးတဲ့ ဗက်တီးရီးယားတောအုပ် ရှိနေပါတယ်....

ဘယ်သူကထင်မှာလဲ....ပညာရှင်တွေဟာ ချက်ပေါင်း ၆၀ကို လေ့လာခဲ့ပါတယ်။ လေ့လာခဲ့ပြီးနောက်မှတော့ သူတို့ဟာ မတူညီတဲ့ မျိုးစိတ်ပေါင်း ၂၃၆၈ ဗက်တီးရီးယားတွေရယ် မျိုးစိတ်မသိသေးတဲ့ ဗက်တီးရီးယား ၁၄၅၈ မျိုးစိတ်တွေကို တွေ့ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ...ဒီစာကို ဖတ်နေတဲ့ချိန် ချက်ကို ပွတ်နေမိရင် ၁၅မိနစ်လောက် လက်ကိုသေချာဆေးလိုက်ပါ။ ဒါတွေကတော့ လေ့လာတွေ့ရှိမှုတွေထဲက တွေ့ရှိမှုအချို့ပေါ...ကျန်တဲ့ထူးဆန်းတဲ့ အရာတွေ ရှိပါသေးတယ်။

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။