Crush ဆိုတဲ့ တစ်ဖက်သတ်ချစ်ရတဲ့သူတစ်ယောက်ကို သင်ဟာ စကားပြောတက်ရင်ပြောမယ်.....မပြောတက်ရင်လဲမပြောဘူး...သူဘာလုပ်လုပ်ကြည့်နေရင်ကြည့်မယ်...စကားပြောချင်ပေမဲ့ သူပြန်မပြောလာတော့ အခတ်တွေ့တာတွေရှိမယ်...စသဖြင့်အမျိုးမျိုးရှိနေနိုင်ပေမဲ့ ဘာအတွက်ကြောင့်နဲ့မှ စိတ်မပျက်ပါနဲ့။ သင့် Crush ကသင့်ကို အဖက်မလုပ်တာမဟုတ်ပါဘူး...သတိမပြုမိတာပါ...အာ့ကြောင့် သတိပြုမိအောင် အောက်ကအချက်လေးတွေနဲ့ ကြိုးစားကြည့်ပါ။

၁။ သူရဲ့အမြင်အာရုံကို သင့်ဆိရောက်အောင်လုပ်ပါ...

ပြောချင်တာကတော့..အကြည်ချင်ဆုံအောင်ပေါ့...အာ့မှ သင့်ကိုသတိပြုမိမှာလေ...အဲ့ဒီအချက်လေးက Crush ရဲ့စိတ်ထဲမှာ အနည်းငယ်တော့ သင့်ဆိကို အာရုံရောက်လာနိုင်ပြီး စိတ်ဝင်စားမှုရှိလာနိုင်ပါတယ်။ အဲ့လိုတချက်ကြည့်ပြီရင် တခြားနေရာကိုလွှဲလိုက်ပါ ပြီးရင်နောက်တစ်ခေါက်ထပ်ကြည့်လိုက်ပါ...သင့်ကို သတိပြုမိသွားမှာပါ။

၂။ နှုတ်ဆက်ပါ...

ဒါကလွယ်ပါတယ်...HI လိုပဲပြောလိုက်ရုံပါ...ပြီးတော့ သူနဲ့တွေ့တိုင်း ပြုံးပြပါ...သူနဲ့တွေ့တိုင်းလဲ ဘယ်လိုနေလဲ..နေကောင်းလား စသဖြင့်ပြောပေးပါ။ Crush ကအပြင်ကမဟုတ်ပဲ Online ပေါ်ကဆိုရင်တောင် နေ့တိုင်းသွားနှုတ်ဆက်ပေးပါ...နှစ်ယောက်ကြားထဲမှာ ချိတ်ဆက်မှုအနည်းငယ်ရှိလာပါလိမ့်မယ်။

၃။ အနှစ်သက်ဆုံး အရာတွေကိုမေးပါ...

ဟုတ်တယ်လေ....ကိုယ် Crush ရတဲ့သူက ဘာကြိုက်လဲဆိုတာကိုတော့ သိသင့်တယ်မလား။ ပြီးတော့ ကျောင်းမှာ Crush နဲ့အတူတူထိုင်ရရင် ဒီလိုလေးမေးလိုက်ပါ..." ဆရာမဘာပြောသွားတာလဲ ငါနားမလည်လို့ ပြန်ရှင်းပြပါလား " အဲ့လိုလေး ရိုးအေးလေးမေးပါ...စာကြည်တိုက်တို့ကော်ဖီဆိုင်တို့ အတူတူထိုင်မိရင်လဲ ပစ္စည်းလေးတွေ ခနလောက်ကြည့်ပေးထားပါဆိုပြီး ထွက်သွားပါ ... သူစိတ်ထဲမှာ သင်ဆိုတာရှိလာတော့မှာပါ။

၄။ စကားတွေ အမြဲပြောအောင်လုပ်ပါ...

သူနဲ့ကိုယ်နဲ့ကြားမှာ ဝါကျတွေစီပါ...စကားတွေပြောပါ...အကောင်းတွေပဲပြောပါ။ ဒါပေမဲ့ အများကြီးတော့ မပြောမိပါစေနဲ့....စိတ်မရှည်တာတွေဖြစ်လာနိုင်ပြီ သင့်ကို စကားအရမ်းများလို့ဆိုပြီး နောက်မပြောပဲ နေလာနိုင်ပါတယ်။ အာ့ကြောင့် စကားကိုတော့ အပြန်အလှန်ပြောလို့ရအောင် ပြောပါ...အများကြီး မပြောမိပါစေနဲ့။ 

၅။ သင်လုပ်တာနဲ့ပတ်သတ်ပြီး မေးပါ....

ကိုယ်လုပ်ဆောင်ချက် ကောင်းမကောင်းဆိုတာကိုမေးပါ....မမေးတက်ရင် ငါ့အင်္ကျီလှလား...ငါပုံစံက ခန့်လား စသဖြင့် အပျော်လေးလဲ နည်းနည်းပါအောင်မေးပါ။ သိပ်လဲမမေးမိစေနဲ့ပေါ့....နင်ဘယ်ကဝတ်တာလဲတို့ဘာတို့ ရိုးရှင်းလေးမေးပေါ့။

၆။ သူမကြိုက်တာကို သင်လဲမကြိုက်ပါနဲ့...

ပြောချင်တာကတော့....သူ အဲ့အရာကိုမကြိုက်ရင် မလုပ်ပါနဲ့..သူမကြိုက်လို့ ကိုယ်လဲမကြိုက်မိအောင်လုပ်ပါ...သူဆန္ဒကို ထပ်တူကျအောင် လုပ်ပေးတက်ပါ...စသဖြင့် Crush နဲ့ထပ်တူကျအောင်လုပ်ပါ။ ခုနည်းလမ်းလေးတွေက Crush နဲ့တော့ စကားတွေပြောလာနိုင်မှာပါ။

Source : Wiki How

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။