ဒီနေ့မေလ (၁၆) ရက်နေ့လေးကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ထူးချွန်ထက်မြက်ပြီး အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရွှေမှုန်လေးက ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိထားသူလေး ဖြစ်ပါတယ်။ ငွေကြယ်ပွင့်လေးတစ်ယောက်ဖြစ်တဲ့ ရွှေမှုန်ရတီက ဒီနေ့မွေးနေ့လေးမှာတော့ ကုသိုလ်ကောင်းမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။

မွေးနေ့မနက်ပိုင်းမှာတော့ ရွှေမှုန်ရတီတို့မိသားစုလေးက အောင်ဓမ္မူတောရရိပ်သာ ကျောင်းတိုက်မှာအလှူတစ်ခု သွားရောက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ရှင်လေး ရွှေမှုန်အတွက် ချစ်ခင်ပွန်းကလည်း ပျော်ရွှင်စရာမွေးနေ့ပွဲလေး စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။ အခုလည်း ရွှေထူးက ချစ်ဇနီးလေးအတွက် အလန်းစား အချစ်စာသားလေးတွေနဲ့အတူ ဘယ်သူနဲ့မှမတူအောင် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ရွှေထူးက ''ချစ်ရတဲ့ ဇနီးငယ်လေးရေ Happy Birthday ... ပျော်စရာမွေးနေ့လေးဖြစ်ပာစေဗျာ ... ယနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လူသားအားလုံးအပေါ်အလုပ်အကျွေးပြုနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်ပါစေ ... ရှည်ရှည်ဝေးဝေတွေအများကြီးမပြောတော့ပါဘူး ... မိန်းမကိုအရမ်းချစ်တယ် ... ပါပါး အချစ်တွေနဲ့ပက်သက်လို့ လူတိုင်းရှေ့မှာ ငါ့မိန်းမရင်ကော့ ခေါင်းမော့ လက်မထောင်နိုင်အောင် တစ်သက်လုံးချစ်ပရစေနော် ... ဘာတွေပဲကြုံလာကြုံလာ လက်ကိုမလွှတ်ပဲ ဘေးနားမှာအမြဲတမ်းရှိပြီး အတူတူရဲရင့်ပေးခဲ့လို့လဲကျေးဇူးအများကြီးတင်ပါတယ် ... တစ်ခုပဲတောင်းဆိုပရစေ ကျန်းမာရေးလေးပဲကောင်းအောင်နေပေးပါ... အဲ့တာမိန်းမဆီက ပြန်အလိုချင်ဆုံးအရာမို့ပါ... မိန်းမကိုအရမ်းချစ်တယ် မိန်းမရဲ့ ရွှေကြီး '' ဆိုပြီး ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Source:Htoo Khant;

Photo Credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။