MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားသူကတော့ သရုပ်ဆောင်မင်းသားချောလေး ကျော်ထက်ဇော်ပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျေည်ကြားတဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ကျော်ထက်ဇော်ကတော့ သရုပ်ဆောင်ပီပြင်မှုတွေအပြင် ဆွဲဆောင်မှုရှိပြီး ယောကျၤားပီသတဲ့ ဟန်ပန်ပုံရိပ်တွေကြောင့်လည်း မိန်းကလေးပရိသတ်တေီရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်..။

မင်းသားချောလေး ကျော်ထက်ဇော်ကတော့ သူ့ရဲ့ အနုပညာလှုပ်ရှားမဖျုတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို ခုတစ်ခါမှာလည်း Tik Tok ဗီဒီယိုလေးနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပါတယ်နော်..။

ဆွဲဆောင်မှုရှိပြီး ကလေးတစ်ယောက်လို ချစ်စရာကောင်းစွာ ဆော့ကစားရိုက်ကူးထားတဲ့ Tik Tok အခွီဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေ သဘောကျနေကြမှာ အမှန်ပါပဲ..။

ကလေးလေး တစ်ယောက်လို သဏ္ဍာန်လုပ် သရုပ်တူအောင် ဟန်လုပ်သရုပ်ဆောင်ထားတဲ့ ကျော်ထက်ဇော်ရဲ့ Tik Tok ဗီဒီယိုလေးဟာ မိန်းကလေးပရိသတ်တွေကို အသည်းယားစေပြီး ပရိသတ်တွေအားလုံးကို အချစ်ပိုစေပါတယ်နော်..။

ပရိသတ်တွေကို သဘောကျစေမယ့် မင်းသားချောလေး ကျော်ထက်ဇော်ရဲ့ Tik Tok အခွီဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - We Love Kyaw Htet Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။