အပျိုကြီးမမတစ်ယောက် ဒီရက်ပိုင်းမှာ သူမရဲ့ ကျက်သရေရှိလွန်းတဲ့ ပုံရိပ်တွေကို သိပ်ဝေမျှတာမတွေ့ရပါဘူး။ ပုံလေးတွေမတွေ့ရလို့ လွမ်းနေတဲ့ ပရိသတ်ကြီးကို ရင်ခုန်ဖွယ် Video လေးနဲ့ အလွမ်းပြေစေခဲ့ပါတယ်။ Tik Tok Video လေးက အတိုလေးပေမယ့် Video ထဲက အပျိုကြီးရဲ့ Fly Kiss ကတော့ တကယ့်ကို Heart ထိ လောက်မယ့် အိုက်တင်လေးပါပဲ။ 

အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ တည်ငြိမ်ရင့်ကျက်မှု၊ ကျက်သရေရှိရှိ လှပမှုအပြင် အေးချမ်းတဲ့အပြုံးတွေနဲ့ သူမကပြည့်စုံလို့နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ " ရွှေလွန်းသံ " ဆိုတဲ့ ပိုးထည်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ လည်း အောင်မြင်မှုကို ထိန်းသိမ်းပြီးလျှောက်လှမ်းနေသူတစ်ယောက်ပါပဲ။ 

Tik Tok Video လေးမှာ On My Way ဆိုတဲ့ သီချင်းနဲ့ သူမရဲ့ Fly Kiss ပေးတဲ့အမူအယာလေးက အသည်းယားစရာကောင်းလွန်းနေပါတယ်။ အပျိုကြီးရဲ့ ကလေးဆန်ဆန်အပြုအမူလေးတွေကလည်း ချစ်စရာလေးနော်။ ပုံလေးတွေသိပ်မတွေ့ရလို့ လွမ်းနေတဲ့ပရိသတ်ကြီးအတွက် Tik Tok Video လေးနဲ့ အလွမ်းပြေဖို့ တင်ဆက်ပေးလိုက်ပြီနော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။