မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မထက်တစ်ယောက် ဒီဇိုင်နာ မင်းသက်စံရဲ့ပွဲမှာ အရမ်းကို လှပလွန်းနေပါတယ်။ အနီရောင်ဝတ်စုံလေးက သူမရဲ့ကျော့ရှင်းတဲ့ခန္ဓာကိုယ်ပေါ်မှာ ကျော့ကျော့လေးနေရာ ယူပြီး သူမရဲ့အလှတွေကို ပိုပြီးမြှင့်တင်ပေးနေပါတယ်။ အမျိုးသမီးအစစ်တစ်ယောက်ထက်တောင် ပိုမိုလှပနေတဲ့ သူမရဲ့ပုံရိပ်တွေက ရပ်သပ်ရှုမောချင်စရာပါပဲ။ 

ဒီပွဲလေးကို လာရောက်ရင်း သူမက ရင်ခုန်ချင်စရာခြေလှမ်းတွေနဲ့ Smart ကျကျ လျောက်လှမ်းခဲ့တဲ့ Video လေးကို တင်လိုက်တာပဲဖြစ်ပါတယ်။ ခြေလှမ်းတစ်လှမ်းစီတိုင်းမှာ ဆွဲဆောင်မှုတွေအပြည့်နဲ့ အရမ်းကိုမိမိုက်လွန်းနေပါတယ်။ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ MTV တွေလည်းရိုက်ကူးနေသလို ချစ်ရတဲ့ LGBT ညီမတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးထားပါသေးတယ်။ 

ကြက်သွေးရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှလွန်းနေတဲ့ မထက်ရဲ့ပုံရိပ်တွေက မြင်သူတိုင်းကို မှင်သက်သွားရလောက်အောင် အပြတ်အသတ်ကို လှသွေးကြွယ်လို့နေပါတယ်။ သူမရဲ့ကျော့ရှင်းတဲ့ အလှအပတွေကြောင့် အမျိုးသားထုကြီးရဲ့ ဝန်းရံမှုကိုလည်း ရရှိထားပါသေးတယ်။ မထက်ရဲ့ ကျော့ရှင်းတဲ့အလှတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။