သီချင်းတိုင်းကို ကိုယ်ပိုင်ဟန်လေးနဲ့သီဆိုတတ်သူလေးကတော့ပရိသတ်တွေချစ်တဲ့တေးသံရှင်ပိုပိုပဲ ဖြစ်ပါတယ်။ သူမရဲ့တေးသီချင်းတိုင်းဟာ နားဆင်သူတိုင်းကိုရင်ထဲသို့ရောက်စေတာပဲ ဖြစ်ပြီး လူတိုင်းပါးစပ်ဖျားမှာယနေ့ထက်ထိရေပန်းစားနေတာပါ။ သူမရဲ့ပထမဆုံးတေးစီးရီးဖြစ်တဲ့ “ ချစ်ဖူးခဲ့သမျှ” အခွေထဲမှသီချင်းလေးတွေဟာလည်း လူတိုင်းကြိုက်နှစ်သက်နေကြဆဲပါ။

သူမရဲ့ပွင့်လင်းပျူဌာတတ်တဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေကပိုပြီးအချစ်ပိုနေရတာပါ။ မနေ့ကတော့ ပိုပိုရဲ့ ၂၉ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုပိုဟာ သူမရဲ့မွေးနေ့မနက်ခင်းလေးမှာ ရွှေတိဂုံဘုရားသို့သွားရောက်ကုသိုလ်ယူခဲ့တာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း “ Happy Birthday To Me

29 နှစ်ပြည့်မှာ wish လုပ်ပေးကြတာလဲ ကျေးဇူးအထူးတင်ပါတယ်ရှင် နောက်လဲ အခုထက်ပိုချစ်ပေးပါနော် ” ဆိုပြီး ဝေမျှထားတာပါ။ 

ညပိုင်းလေးမှာလည်း ချစ်ရတဲ့သူငယ်ချင်းများနဲ့အတူ မွေးနေ့ကိတ်ခွဲကာကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ သူမမွေးနေ့ကျင်းပတာကိုလည်း Live လွှင့်ကာ ပရိသတ်တွေကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုတစ်ယောက်ကတော့ သူမရဲ့၂၉ နှစ်ပြည့်မွေးနေ့လေးမှာ အပျော်တွေနဲ့ပြည့်နှက်နေတာပါ။ သူမရဲ့အပျော်လေးတွေကိုပရိသတ်တွေပါကူးစက်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။