ပရိသတ်ကြီးရေ.. အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တို့ ချစ်သူစုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာမှုလေးတွေနဲ့ အမြဲရိုမန်တစ်ဆန်တာမို့ ပရိသတ်တွေသတိထားတဲ့ ဆယ်လီစုံတွဲလေးပဲ ဖြစ်ပါတယ်..။

အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်တွေအခိုင်အမာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားကြသလို သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း နှစ်ယောက်သား အတွဲညီညီ ပိုငိဆုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေကလည်း အမြဲအားကျချစ်ခင်နေကြတာဆိုလည်း မမှားပါဘူး..။


ပရိသတ်တွေရဲ့ အချစ်တော် စုံတွဲလေးကတော့ လတ်တလောမှာ မိသားစုတွေနဲ့အတူ ခရီးတွေ ထွက်ရှိနေပြီး ခရီးသွားအမှတ်တရပုံရိပ်လေးတွေကလည်း မြင်သူပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

ခရီးသွားအမှတ်တရပုံရိပ်လေးတွေကိုလည်း သားဂန်းနဲ့ ဘေဘီမောင်တို့က သူတို့ရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွေကနေလည်း ချစ်ပရိသတ်တွေကို အပျော်လေးတွေ မျှဝေရင်း ခရီးသွားဓာတ်ပုံလေးတွေကိုလည်း ဝေမျှထားပါသေးတယ်..။


“ဟင်းးးဟင်းးး သွားကြမယ်ချစ်ကမ္ဘာဘုံ လိုက်မလားကွယ် သီးသန့်တဲ့မေတ္တာဘုံ..” ဆိုပြီး သားဂန်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ကြည်နူးစရာ စုံတွဲပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ခရီးသွားစုံတွဲပုံလေးတေါကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်..။


Photo - သားဂန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။