မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ ညီမလေး ငွေမှုန်ရတီကလည်း သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ ရွှေမှုန်နဲ့ ငွေမှုန်တို့ညီအစ်မနှစ်ယောက်လုံးက အရမ်းကိုချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက အားပေးချစ်ခင်ကြတာ ဖြစ်ပါတယ်။ အခုလတ်တလောမှာတော့ ရွှေမှုန်နဲ့ ငွေမှုန်တို့ညီအစ်မနှစ်ယောက်ရဲ့ မိခင်ဖြစ်သူကို " ဒေါ်ငွေလိုရတီ" ဆိုပြီး နာမည်တပ်နေကြတာ တွေ့ရပါတယ်။

ဒါကြောင့် ငွေမှုန်ရတီက သူမရဲ့မိခင်နာမည်မှာ " ဒေါ်ငွေလိုရတီ" မဟုတ်ကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ သေသေချာချာ ရေးသားပြီး အသိပေးခဲ့ပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေမှုန်ရတီရဲ့မွေးနေ့ပွဲမှာတော့ သူမတို့သားအမိတွေက ကောင်းမှုကုသိုလ်တွေ အတူတူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ မွေးနေ့ပွဲကပုံရိပ်တွေနဲ့အတူ သူမတို့ရဲ့မိခင်ကို "ဒေါ်ငွေလိုရတီ" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားဖော်ပြမှုတွေရှိတာကြောင့် ငွေမှုန်က အခုလို ရှင်းပြလာခဲ့တာပဲ ဖြစ်ပါတယ်။

ငွေမှုန်ရတီက " ကဲ တခုလောက်ပြောချင်ပါတယ် ကဲအမေရဲ့နာမည်က "ဒေါ်မော်မော်ခိုင်" ပါ " ငွေလိုရတီ " ဆိုတာ ခင်မင်ရင်းနှီးတဲ့သူတွေ ချစ်စနိုးနဲ့ခေါ် စနောက်ကြတဲ့နာမည်ဖြစ်တာကြောင့် media တွေမှာ နာမည် caption ရေးမယ်ဆိုရင် နာမည်အရင်းရေးပေးကြပါလို့ တောင်းဆိုပါတယ် " ဆိုပြီး ဖြေရှင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ သိထားကြတဲ့ ရွှေမှုန်တို့ရဲ့မိခင်နာမည်မှာ " ငွေလိုရတီ " မဟုတ်ကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

Source:Ngwe Hmone Yati;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။