မန်ယူအသင်းလို့ပြောလိုက်တာနဲ့ အသင်းသားတွေရဲ့ သစ္စာစောင့်သိမှုတွေ သရဲနီတွေရဲ့ စိတ်ဓာတ်တွေ မိနစ်၉၀မပြည့်မချင်း ပွဲမပြီးသေးလို့ ပြောဆိုခဲ့တာတွေ စတာတွေက မန်ယူအသင်းကို အောင်မြင်စေခဲ့တဲ့ အဓိကအကြောင်းရင်းတွေပါ။ အခုတော့ မန်ယူဆိုတာ တန်းတတ်အသင်းတောင် မကြောက်တော့ဘဲ တန်းတတ်အသင်းတွေအားစိုက်ကန်ရင် နိုင်သွားမယ်အခြေအနေထိ မန်ယူအသင်းဟာ ဆိုးရွားနေခဲ့ပါတယ်။ မန်ယူအသင်းကို ကျရှုံးစေခဲ့တဲ့ အကြောင်းရင်း ပြောလို့တောင်ကုန်မှာ မဟုတ်ပါဘူး ။  

အဓိကကတော့ အသင်းရဲ့ ဂန္တဝင်ကစားသမားတွေကြောင့်ဆိုလဲ မမှားပါဘူး။ အသင်းနိုင်ချိန်မှာ ချီးကျူးခဲ့ပေမယ့် အသင်းရှုံးရင်တော့ ဘယ်သူမကောင်းလို့ဘာလို့ဆိုပြီး ဘေးက အပြစ်တွေထိုင်ပြောနေတာကလဲ ကစားသမားတွေကို စိတ်ဓာတ်ကျစေခဲ့ပါတယ်။ နောက်တစ်ချက်က ပရိသတ်အချစ်တော်ကြီး ပေါ့ဘာပါ။သူကိုချော့တာကို ကြိုက်တတ်တဲ့ပေါ့ဘာက စိတ်ပျော်ရွှင်မှ ခြေစွမ်းပြကစားသလို နည်းပြကလဲ သူကိုအချိန်တိုင်း ချီကျုးနေရတာကလဲ တစ်ခြားကစားသမားတွေကို စိတ်ပျက်စေပါတယ်။ 

ဆန်းချက်ပေါ့ဘာတို့ရဲ့လစာက ကျန်ကစားသမားတွေရဲ့ နှစ်ဆနီးပါးလောက်ရှိတာကြောင့် ကျန်ကစားသမားတွေလဲ မကျေနပ်ဘူးလို့ဆိုရင်လဲ မမှားပါဘူး။ ပြီးတော့ ဆန်းချက် ပေါ့ဘာဒီဂီယာတို့ဟာ ရတဲ့လစာနဲ့ တန်တဲ့ ခြေစွမ်းကို မပြသနိုင်ပါဘူး ။ မန်ယူအသင်းက သူရဲ့ကစားသမားတွေကို အလွန်အမင်းချီးမြှောက်တာပါ။ ဆိုးရှားရောက်လာပြီး ရက်ဖို့ရဲ့ခြေစွမ်းဟာ အလွန်ကောင်းခဲ့ပေမယ့် ပရိသတ်တွေကအလွန်ချီးကျူးတာကြောင့်ပဲလား ပေါဘာနဲ့ အနေနီးတာကြောင့်ပဲလား။အခုတော့ ခြေစွမ်းက မြေကြီးအောက်တောင် ထိုးကျသွားခဲ့ပါတယ်။  

အမှန်တိုင်းပြောရင်မန်ယူအသင်းနဲ့ ထိုက်တန်တဲ့ ခြေစွမ်းရှိတဲ့ ကစားသမား၆ယောက်တောင် မပြည့်ပါဘူး ။ လုရှော လင်ဒီလော့ ရက်ဖို့ ပေါ့ဘာ ဒီဂီယာတို့လောက်သာ မန်ယူအသင်းနဲ့ ထိုက်တန်သူတွေပါ။မန်ယူပရိသတ်အေနနဲ့ ပြောရရင် ပေါ့ဘာဟာလစာလဲများများပေးရသေး ခြေစွမ်းလဲထင်သလောက်မကောင်းတာကြောင့် ရောင်းထုတ်သင့်ပါတယ်တော်ကြာ တစ်ခြားကစားသမားတွေပါသူရဲ့ အမှုအကျင့်တွေကူးသွားရင် မန်ယူ အခြေအနေပိုဆိုးနိုင်ပါတယ်။ မန်ယူအသင်းရဲ့ အထက်ပိုင်းစီမံမှုအပိုင်းမှာလဲ လျော့တိလျော့ရဲနဲ့ စိတ်ပျက်စရာကြီးပါ။  

ဥရောပရဲ့ကောင်းပါတယ်ဆိုတဲ့ကစားသမားအားလုံးနည်းပါး မန်ယူကခေါ်ချင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် တစ်ကောင်မှတောင် ရောက်မလာတဲ့ အပြင် အသင်းကတောင် ကစားသမားတွေ ထွက်သွားခဲ့ပါတယ်။ မန်ယူအသင်းပြင်ဆင်ရမှာက တိုက်စစ်တစ်ယောက် ဘယ်တောင်ပံ တစ်ယောက် ကွင်းလယ်တစ်ယောက် နောက်ခံလူနှစ်ယောက်လောက်ဝယ်မှ အဆင်ပြေမှာပါ။ ဒါပေမယ့် နည်းပြဆိုးရှားဆီတဲ့ အပြောင်းအရွေးကြေးက သန်း၁၀၀တောင်မပြည့်တာကြောင့် ထိပ်တန်းကစားသမားတစ်ယောက်ဝယ်စာပဲ ရှိပါတယ်။ မန်ယူအသင်းကတော့ နောက်နှစ်လဲ ယောင်လည်လည်ကြီးဖြစ်နေအုံးမယ်ပြောကြားရင်း...............။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။